တစ်ကိုယ်တည်းသွားလည်ဖို့ အကောင်းဆုံး မြို့ (၅) မြို့

33077931_162325041284694_8145101049582059520_o.jpg

ကမ္ဘာကြီးကို ကြည့်ရှုဖို့အတွက် သင်အဆင်သင့်ဖြစ်ပါပြီလား။ ဒီလိုဆို ကိုယ့်အချိန်စက်ဝန်းအတိုင်းပဲ စပြီး အကာင်အထည်ဖော်ကြည့်လိုက်ပါ။

ဘက်ဂျက်ခရီးတွေကစလို့ ဇိမ်ခံခရီးစဉ်တွေအထိ တစ်ကိုယ်တည်း ခရီးထွက်ကြည့်လိုက်ပါ။ တစ်ယောက်တည်းခရီးသွားတာဆိုပေမယ့် ပျော်ရွှင်ပြီး ကောင်းမွန်တဲ့ အမှတ်တရတွေ ဖန်တီးနိုင်ဖို့လည်း လိုအပ်ပါသေးတယ်။

စာရေးသူကတော့ မြို့တစ်မြို့ကို တစ်ယောက်တည်းခရီးထွက်တော့မယ်ဆို အဲ့ဒီမြို့ရဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းမကောင်း၊ လုံခြုံမှုရှိမရှိ၊ မြို့ခံတွေရဲ့ ကူညီလိုစိတ်ရှိမရှိအပြင် မြို့ရဲ့ရှုခင်းကောင်းမကောင်းတွေကို အရင်လေ့လာထားတတ်ပါတယ်။

ဒါကြောင့်မို့လို့ ကိုယ်က ဘယ်လိုနေရမျိုးကို သွားချင်ပြီး ဘယ်လိုအမှတ်တရကောင်းတွေ ဖန်တီးချင်လဲဆိုတာကို ကိုယ်တိုင်မလိမ်မညာတမ်း အရင်စဉ်းစားကြည့်ပါ။ တစ်ယောက်တည်းခရီးသွားတယ်ဆိုတာ အနည်းငယ် ရင်ထိတ်စရာကောင်းပေမယ့်လည်း ရလာမယ့် အမှတ်တရတွေက အားလုံးထက်ပိုတန်မှာက အသေအချာပါ။

 

၁။ ရောမ (Rome)

အဆုံးအစမဲ့တဲ့ရောမရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ယှဉ်နိုင်တဲ့မြို့က ကမ္ဘာမှာ ခပ်ရှားရှားပါပဲ။ ဒါကြောင့်မို့ အီတလီနိုင်ငံရဲ့တောက်ပြောင်လွန်းလှတဲ့ ရှေးဟောင်းရောမအင်ပါယာကြီးဆီကို တစ်ကိုယ်တည်း ခြေဆန့်ကြည့်လိုက်ပါ။

၂။ အက်စတာဒမ် (Amsterdam)

အက်စတာဒမ်ရဲ့ ခမ်းနားလှတဲ့ တူးမြောင်းကြီးတွေအကြောင်း၊ ကမ္ဘာ့အလယ် ကျော်ကြားလှတဲ့ အနုပညာပြတိုက်တွေအကြောင်းနဲ့ ဂန္တဝင်ဆန်တဲ့ညတွေကြောင့် အက်စတာဒမ်ဟာ သူတို့တွေရဲ့ အနှစ်ခြိုက်ဆုံးမြို့ဖြစ်လာကြောင်း စာရေးသူကို သတင်းပါးကြတဲ့ တစ်ကိုယ်ရည်ခရီးထွက်သမား ဘယ်လောက်ရှိနေပြီဆိုတာကို ရေတောင်မရေတွက်နိုင်တော့ပါဘူး။ သင်ကိုယ်တိုင်ရောက်သွားတဲ့အခါကျရင်တော့ အက်စတာဒမ်ကဘာလို့ စွန့်စားသူတို့ရဲ့ အသည်းပွတ်ဖြစ်နေရတယ်ဆိုတဲ့အဖြေကို အလွယ်လေးရခဲ့မှာပါ။

၃။ လန်ဒန် (London)

အနောက်ဥရောပနိုင်ငံရဲ့ မြို့ကြီးတစ်မြို့ဖြစ်တဲ့ လန်ဒန်ဟာ ခေတ်ရေစီးကြောင်းနဲ့ ရိုးရာယဉ်ကျေးမှုအငွေ့အသက်တွေကို ရောယှက်ထားပါတယ်။ အမြဲတမ်းနေထိုင်မယ်ဆိုလည်း ဘယ်တော့မှငြီးငွေ့သွားတာမျိုးမရှိရအောင် လန်ဒန်မြို့ကြီးက အဖော်ပြုပေးပါလိမ့်မယ်။ တစ်ယောက်တည်း သွားပြီး အင်္ဂလန်နိုင်ငံရဲ့မြို့တော်အရသာကို ခံစားကြည့်လိုက်ပါ။

၄။ ဆန်ဖရန့်စစ်စကို (San Francisco)

Golden Gate တံတားကြီးကိုကြည့်ရင်း ပျော်ပွဲစားထွက်ကြည့်ပါ။ တစ်ကြောင်းသွားမဟုတ်ပဲ နှံ့နှံ့စပ်စပ် ကျယ်ကျယ်ပြန်ပြန့် ရွေးချယ်ကြည့်ပါလိုက်ပါ။ အစားအသောက်ကောင်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ်ပြုစုချင်တယ်ဆိုရင် ဆန်ဖရန့်စစ်စကိုကို ရောက်အောင်သွားပါ။ ဆန်ဖရန့်စစ်စကိုဟာ မြောက်အမေရိကမှာ လယ်ယာဈေးနဲ့ စားသောက်ဆိုင်တွေအများဆုံးရှိတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။

၅။ လစ်ဘွန်း (Lisbon)

သမိုင်းတလျှောက် ဆွဲဆောင်မှုအရှိဆုံးနဲ့ စွဲမက်စရာအကောင်းဆုံး မြို့တစ်မြို့အဖြစ် ကျော်ကြားတဲ့အတွက် သင်တစ်ယောက်တည်းခရီးထွက်ဖို့ လုံလောက်ပြီး လစ်ဘွန်းက အရောင်အသွေးစုံတိုက်ကြီးတွေနဲ့ နေရောင်ခြည်နွေးနွေးလေးတွေကြား ခဏလောက်ဖြစ်ဖြစ် ပျောက်ဆုံးမေ့မောနေလိုက်ဖို့လည်း ထိုက်တန်ပါတယ်။

 

Ref: Pinterest “The best cities to travel alone”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top