ကမ္ဘာ့အသက်အကြီးဆုံးနဲ့ လုပ်သက်အ​ကြာဆုံးလေယာဥ်မယ်

5-7-2022-01.jpg

အသက် ၈၆ နှစ်အရွယ် ဘတ်တီ နက်ချ်က American လေကြောင်းလိုင်းရဲ့ လေယာဥ်မယ်တစ်ယောက်ပါ။ သူဟာ ကမ္ဘာ့အသက်အကြီးဆုံးနဲ့လုပ်သက်အကြာဆုံးလေယာဥ်မယ်အဖြစ် ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်ခဲ့ပါတယ်။ ဘတ်တီက ၁၉၅၇ ခုနှစ်မှာ လေယာဥ်မယ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့တာပါ။ အခုနှစ်မှာ လုပ်သက် ၆၅ နှစ်ပြည့်ကို ဆင်နွှဲမှာဖြစ်ပါတယ်။

သူဟာ သူ့အလုပ်အပေါ် အရမ်းသစ္စာရှိခဲ့တယ်။ ယနေ့အထိ သူ ပြုစုစောင့်ရှောက်ပေးနေရတဲ့ သူ့ရဲ့ မသန်စွမ်းသားနဲ့ ညတိုင်း အိမ်မှာ ရှိနေခွင့်ရတာကြောင့် ဒီအလုပ်ကို နှစ်သက်တယ်လို့ ပြောပါတယ်။ဘတ်တီက လေယာဥ်မယ်အဖြစ် Eastern လေကြောင်းလိုင်းမှာ စပြီး တာဝန်ထမ်းဆောင်ခဲ့တာပါ။ လေကြောင်းလိုင်းကုမ္ပဏီချင်းပေါင်းလိုက်တာကနေတဆင့် American လေကြောင်းလိုင်းမှာ လုပ်သက်အကြာကြီးလုပ်ဖြစ်သွားခဲ့ပါတယ်။

အစောပိုင်းကာလတွေမှာ ခရီးသည်တွေ လေယာဥ်ပေါ် တက်တဲ့အခါ လေယာဥ်မယ်တွေကို အခကြေးငွေ ပေးခဲ့ကြတယ်။ ဘတ်တီရဲ့အစောပိုင်းလေယာဥ်ခရီးစဥ်က နယူးယောက်နဲ့ဝါရှင်တန်ကြား ၁၂ ဒေါ်လာ ကျသင့်ပါတယ်။ ဘတ်တီဟာ Federal Aviation Administration စည်းမျဥ်းအရ ပုံမှန်လေယာဥ်မယ်လေ့ကျင့်ရေးသင်တန်းကို တက်ရောက်နေရတုန်းပါပဲ။

Ref: 86-year-old woman is longest-serving flight attendant, Guinness says

WL( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top