၁၉ နာရီကြာ ပျံသန်းမယ့် ကမ္ဘာ့အရှည်ကြာဆုံး လေကြောင်းခရီးစဉ်

http_2F2Fcdn.cnn_.com2Fcnnnext2Fdam2Fassets2F131016081619-singapore-airlines-flight-21-a340.jpg

စင်ကာပူနဲ့ နယူးယော့ခ်ကို လေယာဉ်နဲ့ ခရီးသွားမယ်ဆို ဖတ်ဖို့ စာအုပ်လေးတော့ ဆောင်သွားဖို့လိုပါပြီ… ဘာဖြစ်လို့လဲဆိုရင်…စင်ကာပူ လေကြောင်းလိုင်းက မကြာခင်မှာ ကမ္ဘာ့အရှည်ကြာဆုံး ခရီးစဉ်ကိုပျံသန်းမယ့် လေကြောင်းခရီးစဉ်ကို မိတ်ဆက်ပေးသွားတော့မှာမို့ပါပဲ။

ဒီခရီးစဉ်ဟာ အောက်တိုဘာ ၁၁ ရက်နေ့မှာ စတင်သွားဖို့ ရှိပြီး သင်္ဘောနဲ့သွားမယ်ဆို ဖြတ်သန်းရမယ့် ရေမိုင် ၉၀၀၀ နီးပါးကို လေယာဉ်နဲ့ ၁၀၄၀၀ မိုင် (သို့) ၁၆၇၀၀ ကီလိုမီတာ ဝေ့ဝိုက်ပျံသန်းမှာ ဖြစ်တာကြောင့် အချိန်အားဖြင့် ၁၈ နာရီ ၄၅ မိနစ် (၁၉ နာရီ) လောက်ပဲ ကြာမြင့်တော့မှာ ဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ အရင်က ကမ္ဘာ့အရှည်ကြာဆုံး လေကြောင်းခရီးစဉ်အဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ ကာတာလေကြောင်းလိုင်းရဲ့ ကာတာနိုင်ငံ ဒိုဟာ (Doha) ကနေ နယူးဇီလန်နိုင်ငံ အော့က်လန်း (Auckland) အထိ ၁၈ နာရီကြာပျံသန်းတဲ့ ခရီးစဉ်ထက် ပိုမိုကြာမြင့်မယ့် အခပေး ခရီးသွားလေကြောင်းခရီးစဉ် ဖြစ်လာတော့မှာပါ။

Business-Class အဖြစ် ၆၇ ခုံ ပါဝင်မှာ ဖြစ်သလို Premium Economy-Class ဆိုပြီး ၉၄ ခုံပါဝင်တဲ့ အတန်းအစား ၂ မျိုးပါဝင်မှာ ဖြစ်ပါတယ်။ ပထမဆုံး စတင်ပြေးဆွဲမယ့် အပတ်မှာတော့ လေယာဉ် ၃ စီးသာ ပြေးဆွဲဦးမှာ ဖြစ်ပြီး အောက်တိုဘာ ၁၈ ရက်နေ့က စတင်ပြီး နေ့စဉ် ပြေးဆွဲပေးသွားမယ်လို့ ဆိုပါတယ်။

Ref : Cnet “Airline prepares to make world’s longest commercial flight : 19 hours”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top