သွေးရည်ကြည်လှူဒါန်းပြီး လူ့အသက်ပေါင်းများစွာကို ကယ်တင်ပေးနေတဲ့စုံတွဲ

14-12-2020-yyl-006.jpg

အမေရိကန်နိုင်ငံမှာ ကိုဗစ်ရောဂါဖြစ်ပွားမှုများနေတဲ့အတွက် တက္ကဆပ်ပြည်နယ်က စုံတွဲတစ်တွဲဟာ သွေးရည်ကြည်လှူဒါန်းပေးခြင်းဖြင့် လူ့အသက်ပေါင်းများစွာကို ကယ်တင်ပေးနေပါတယ်။ ဘရိုင်ရန် (Brian) နဲ့ ဒီနာ မာဖီ (Dina Murphy) ဆိုတဲ့စုံတွဲဟာ မတ်လမှာ ကိုဗစ်ကူးစက်ခံခဲ့ရကာ ပြန်လည်သက်သာလာပြီးနောက် သူတို့ရဲ့သွေးရည်ကြည်ကို လူ (၆၈) ဦးအတွက် လှူဒါန်းပေးရင်းနဲ့ အခြားသူတွေကို ကူညီပေးနိုင်မယ့်အစီစဉ်ကို လုပ်ဆောင်ခဲ့ကြတာပါ။ “ဘုရားသခင်က ကျွန်မအသက်ရှင်လွှတ်မြောက်ဖို့အတွက် ကယ်တင်ခဲ့တယ်လို့ ကျွန်မခံစားမိတယ်။ သွေးရည်ကြည်လှူဒါန်းပေးနေတာလည်း အခြားသူတွေကိုကူညီပေးဖို့အတွက် ကျွန်မကို သူ လုပ်စေချင်တဲ့အရာလို့ ခံစားမိတယ်” လို့ ဒီနာက ပြောပါတယ်။

ဘရိုင်ရန်က မတ်လအစောပိုင်းမှာ ဖျားနာသလိုခံစားခဲ့ရပြီး ကိုဗစ်လက္ခဏာရပ်တွေအားလုံးမရှိခဲ့တဲ့အတွက်၊ ထိပ်ကပ်နာရောဂါအခံလည်းရှိတဲ့အတွက် ဆရာဝန်တွေက သာမန်ခေါင်းကိုက်ဖျားနာမှုလောက်လို့ ဆရာဝန်တွေက ထင်ခဲ့တာဖြစ်ကြောင်း ကိုဗစ်ကူးစက်ခံရတာနဲ့ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။ ဒီနာအတွက်ကတော့ ဘရိုင်ရန်လိုမဟုတ်ဘဲ ကိုဗစ်ရောဂါခံစားခဲ့ရတာပါ။ ဒီနာက အဖျားကြီးခဲ့ပြီး (၅) ရက်လောက် ကိုဗစ်လက္ခဏာတွေကို ခံစားခဲ့ရတာပါ။ ဆရာဝန်ကို ပြကြည့်တော့ ရောဂါစစ်ဆေးစမ်းသပ်မှုတွေလုပ်ခဲ့ရပါတယ်။ ဒီနာ ခံစားခဲ့ရတဲ့လက္ခဏာတချို့က အနံ့မရတာ၊ အရသာခံမရတာတွေပါပဲ။

ဘရိုင်ရန်က ရောဂါစစ်ဆေးမှုမပြုလုပ်ခဲ့ပေမဲ့ သူ့ခင်ပွန်းဆီက ကိုဗစ်ရောဂါပိုးကူးစက်ခံရတာဖြစ်တယ်လို့ ဒီနာက ယုံကြည်ထားပါတယ်။ ဒီနာဟာ South Texas Blood and Tissue Center မှာ သွေးရည်ကြည်လှူဒါန်းပြီးတဲ့နောက်မှာတော့ ဘရိုင်ရန်ကလည်း သွေးစစ်ဆေးတော့ ကိုဗစ်ရောဂါပိုးရှိခဲ့တယ်ဆိုတာကိုသိခဲ့ရပါတယ်။ အဲဒီကတည်းကနေ သူတို့ဇနီးမောင်နှံက သွေးရည်ကြည်ကို လှူဒါန်းပေးနေခဲ့တာပါ။ ဒီနာက ရောဂါပျောက်ကင်းပြီးပြီးချင်း ဧပြီလလယ်မှာ စတင်လှူဒါန်းခဲ့ပြီး ဘရိုင်ရန်ကတော့ ဇွန်လမှ စတင်လှူဒါန်းခဲ့ပါတယ်။ သူတို့ရဲ့သွေးရည်ကြည်လှူဒါန်းပေးမှုကြောင့် လူ(၆၈) ဦးကို ကူညီပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

သူတို့စုံတွဲက လူ့အသိုင်းအဝိုင်းအတွက် သူတို့တက်နိုင်သလောက်နည်းလမ်းနဲ့ ကူညီပေးချင်တယ်လို့ ဆိုပါတယ်။ သွေးရည်ကြည်လှူဒါန်းတာနဲ့ပတ်သက်ပြီး အခြားသူတွေကို သိစေချင်တာကတော့ သွေးရည်ကြည်ပေးတဲ့လုပ်ဆောင်မှုက လူတွေထင်ထားတာထက် ပိုလွယ်ကူတယ်။ အပ်သေးသေးလေးနဲ့ဖောက်သလောက်ပဲ နာတယ်လို့ဒီနာက ပြောပါတယ်။ အခုလိုကာလအတွင်းမှာ သွေးရည်ကြည်လိုအပ်နေတဲ့သူတွေအတွက် လှူဒါန်းပေးဖို့လည်း အခြားသူတွေကို တိုက်တွန်းထားပါတယ်။

“သွေးရည်ကြည်ထောက်ပံ့ပေးဖို့ လူတိုင်းအတွက် အရေးကြီးတဲ့အချိန်အခါပါ။ သွေးရည်ကြည်လှူဒါန်းမှုကို အသုံးပြုနိုင်မယ့် ဆေးရုံတက်နေရတဲ့လူအများကြီးရှိနေပါတယ်”လို့ ဘရိုင်ရန်က ပြောပါတယ်။ “ကိုဗစ်ရောဂါကို တွန်းလှန်နိုင်ခဲ့တဲ့လူတွေလည်း သွေးရည်ကြည်လှူဒါန်းပေးနိုင်ဖို့ ကျွန်မတို့မျှော်လင့်ပါတယ်။ ဒါက အရမ်းအရေးကြီးပါတယ်။ လူသားတွေကို ကယ်တင်ပေးနေတာပါ။ ဒါက တကယ်ကို အရေးကြီးတဲ့အရာပါ” လို့ ဒီနာကလည်း ဆိုထားပါတယ်။

Ref: ABCNews “Texas couple has saved 68 lives and counting with their COVID-19 plasma donations”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top