နေမကောင်းဖြစ်နေတဲ့ သခင့်အနားက မခွာဘဲ စောင့်ကြည့်ပေးနေခဲ့တဲ့ ခွေးလေး

2-2-2021-yyl05.jpg

ခွေးတွေဟာ လူသားတွေရဲ့မိသားစုတွေလိုပါပဲ။ ဒါပေမဲ့ တရုတ်ပြည်က ဒီခွေးအတွက်တော့ သူ့သခင်က သူ့အတွက် ကမ္ဘာကြီးတစ်ခုလို့ဆိုရမှာပါ။ မြောင်မြောင်ဆိုတဲ့ အသက် (၃) နှစ်အရွယ် ဂိုးလ်ဒင်း ရီထရီဗာ (Golden Retriever) ခွေးလေးက သူ့သခင်ဟာ အသက်ရှုပိုက်တပ်ပြီး အိပ်နေချိန် သူ့အနားကနေ အဝေးကိုသွားဖို့ ငြင်းဆန်နေခဲ့တာပါ။ သူ့သခင်အနားကနေ မခွာဘဲ စောင့်ကြည့်ပေးနေခဲ့ပါတယ်။

တရုတ်နိုင်ငံအလယ်ပိုင်း ဟယ်နန်ပြည်နယ်က မြောင်မြောင်ရဲ့သခင် မစ်စတာရှောင်ဟာ နှလုံးရောဂါခံစားနေရတာပါ။ မြောင်မြောင်ဟာ သူ အသက်ရှုပိုက်တပ်ဆင်တဲ့အချိန်တိုင်း အနားကမခွာဘဲ စောင့်ကြည့်နေပေးတယ်လို့ ဆိုပါတယ်။ အိပ်နေတဲ့အချိန် ရုတ်တရက် နှလုံးအမောဖောက်တာတွေမဖြစ်ဖို့ မစ်စတာရှောင်ဟာ အသက်ရှုပိုက်တပ်ပြီး အိပ်ဖို့ ဆရာဝန်တွေက ညွှန်ကြားခဲ့တာပါ။ ပထမဆုံးတစ်ခေါက်က အသက်ရှုစက်တပ်တော့ သူ့ရဲ့နားမှာ နေဖို့ သူ့အိပ်ရာဘေးပြေးလာပြီး အရေးပေါ်အခြေအနေတွေဖြစ်မှာဆိုးလို့ စောင့်ကြည့်ပေးနေတဲ့ သူ့ရဲ့ခွေးလေးကြောင့် အံ့အားသင့်ခဲ့ရတယ်လို့ ဆိုပါတယ်။

ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းမှာ အနားကနေထွက်သွားဖို့ ငြင်းဆန်ရင်းနဲ့ မစ်စတာရှောင်ရဲ့ရင်ဘတ်ပေါ် ခေါင်းတင်ထားတဲ့ မြောင်မြောင်ကို မြင်တွေ့ခဲ့ရပါတယ်။ “မြောင်မြောင်…မစိုးရိမ်ပါနဲ့။ ငါ အဆင်ပြေပါတယ်။ မင်း သွားလို့ရတယ်” လို့ သူ့သခင်က မြောင်မြောင်ကို ပြောပြီး နှင်ထုတ်လည်းမရခဲ့ပါဘူး။ “ကျွန်တော် အသက်ရှုစက်တပ်တဲ့အချိန်တိုင်း ကျွန်တော် နေမကောင်ဖြစ်နေတာကို မြောင်မြောင်သိနေတဲ့ပုံပါပဲ။ ဒီလိုလိမ္မာတဲ့ခွေးမျိုးကို ကျွန်တော်တို့ မတွေ့ခဲ့ဖူးဘူး။ သူက ကျွန်တော်ရဲ့တကယ်မိသားစုလိုပါပဲ” လို့ မစ်စတာရှောင်က ပြောပါတယ်။

မြောင်မြောင်နဲ့သူ့သခင်တို့ရဲ့ ဗီဒီယိုကို ပြီးခဲ့တဲ့နှစ် ဧပြီလက ရိုက်ကူးထားခဲ့တာပါ။ ဒါပေမဲ့ တရုတ်ဆိုရှယ်မီဒီယာမှာ အခုလထဲ ပြန်ခေတ်စားလာခဲ့ပြီး လူတော်တော်များများရဲ့ရင်ထဲအထိ ရောက်အောင်လုပ်နိုင်ခဲ့ပါတယ်။

ဗီဒီယိုကြည့်ရှုရန်

Ref: Dailymail “Heart-warming moment golden retriever refuses to leave and watches over its Chinese owner as he wears a ventilator to sleep”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top