ပျိုမေတွေရဲ့အသားရေကို သဘာဝအတိုင်း နူးညံ့သွားစေမယ့် နည်းလမ်းကောင်းများ

2-2-2021-yyl09.jpg

နူးညံ့ချောမွေ့တဲ့အသားရေမျိုးကို ဘယ်သူမဆိုလိုချင်ကြပါတယ်။ အဲဒီလိုအသားရေမျိုးကို ပိုင်ဆိုင်ရဖို့ဆိုရင် အသားရေထိန်းသိမ်းတာကို နည်းမှန်လမ်းမှန်နဲ့ လုပ်ပေးသင့်ပါတယ်။ သင့်ရဲ့တစ်နေ့တာနေထိုင်မှုပုံစံမှားယွင်းမယ်ဆိုရင်လည်း သင့်အသားရေက နူးညံ့ချောမွေ့မှုမရှိတော့ဘဲ မွဲခြောက်ခြောက်အသားရေကို ပိုင်ဆိုင်ရစေနိုင်ပါတယ်။ အဲဒါကြောင့် ပျိုမေတွေက နူးညံ့ချောမွေ့တဲ့အသားရေကို သဘာဝအတိုင်းပိုင်ဆိုင်ချင်ရင် နည်းလမ်းကောင်းတွေရှိပါတယ်။ အဲဒီနည်းလမ်းတွေကတော့

ရေလုံလုံလောက်လောက်သောက်ပါ

ရေကလည်း နူးညံ့တဲ့အသားရေကို ပိုင်ဆိုင်စေဖို့အတွက် အရေးပါ ပါတယ်။ သင့်ခန္ဓာကိုယ်ရေဓာတ်ထိန်းပေးနိုင်မယ်ဆိုရင် အသားရေပြဿနာတွေလည်း ကြုံတွေ့ရနိုင်မှာမဟုတ်ပါဘူး။ သင့်ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပြီး ခန္ဓာကိုယ်က အဆိပ်အတောက်တွေ ဖယ်ရှားကာ အသားရေနူးညံ့လာဖို့ တစ်နေ့ကို ရေ (၈) ခွက်သောက်သုံးပေးသင့်ပါတယ်။

သံပရိုသီးနဲ့ မျက်နှာပေါင်းတင်ပါ

ကြက်ဥအကာနဲ့ သံပရိုရည်တို့ကို ရောစပ်ပြီး သင့်မျက်နှာမှာ (၁၀) မိနစ်လောက် လိမ်းထားလိုက်ပါ ပြီးရင် ရေနွေးနွေးလေးနဲ့ မျက်နှာသန့်စင်လိုက်ပါ။ အသားရေကို သဘာဝအတိုင်း နူးညံ့ချောမွေ့စေချင်ရင်တော့ ဒီနည်းကို တစ်ပတ် (၂) ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။

ခရမ်းချဉ်နဲ့ အသားရေနူးညံ့အောင်လုပ်လိုက်ပါ

လတ်ဆတ်တဲ့ခရမ်းချဉ်သီးကို ကြိတ်ပြီး မျက်နှာမှာ (၁၀) မိနစ်လောက် လိမ်းလိုက်လိုက်ပါ။ မျက်နှာသန့်စင်ပြီးတာနဲ့ သင့်အသားရေ ကြည်လင်ပြီး နူးညံ့သလို ခံစားရပါလိမ့်မယ်။ ခရမ်းချဉ်သီးက အသားရေအတွက် အစွမ်းထက်အာနိသင်ရှိပါတယ်။

ပျားရည်နဲ့ မျက်နှာပေါင်းတင်ပါ

ပျားရည်ကို သင့်မျက်နှာနဲ့ လည်ပင်းတို့မှာ လိမ်းပြီး အချိန် (၁၀) မိနစ်လောက်ထားပါ။ ပြီးရင် ရေအေးနဲ့ မျက်နှာသန့်စင်လိုက်ရုံပါပဲ။ သင့်အသားရေ နူးညံ့လာသလို ခံစားရပါလိမ့်မယ်။

Tea Tree အဆီ လိမ်းပေးပါ

ဝက်ခြံပေါက်တာကြောင့်လည်း အသားရေက နူးညံ့ချောမွေ့ခြင်းမရှိသလိုခံစားရနိုင်ပါတယ်။ Tea Tree ဆီက ဝက်ခြံကို ကုသပေးနိုင်စွမ်းရှိပါတယ်။ Tea Tree ဆီကို ဝါဂွမ်းစနဲ့ သင့်ဝက်ခြံပေါ် လိမ်းထားပေးမယ်ဆိုရင် ဝက်ခြံကို ကုသပေးနိုင်ပါတယ်။ ဝက်ခြံကင်းတဲ့အသားရေဖြစ်လာပြီး အသားရေနူးညံ့သွားစေမှာဖြစ်ပါတယ်။

သင်္ဘောသီးနဲ့ ပေါင်းတင်ပါ

သင်္ဘောသီးမှည့်ကို ချေမွပြီး မျက်နှာမှာ လိမ်းကာ ၁၅ မိနစ်လောက် ပေါင်းတင်ထားလိုက်ပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ရုံပါပဲ။ မျက်နှာအသားရေနူးညံ့ချောမွေ့လာသလို ခံစားရမှာဖြစ်ပါတယ်။

Ref: Ways to get smooth skin naturally
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top