ခွေးတွေက လူတွေရဲ့အချစ်တော်ဆိုတော့ လူတွေရဲ့ အကြိုက်ကို အရမ်းသိကြပါတယ်။ သခင်က ထိုင်ခိုင်းရင်ထိုင်မယ်၊ ထဆိုထမယ်၊ အမြီးလေးတနှံ့နှံ့နဲ့ ချစ်စဖွယ် အမူအရာအမျိုးမျိုးလုပ်ပြီး လူတွေရဲ့ အချစ်ကို ခံယူတတ်ကြတာပါ။
ဘိုလီဗီယားတက္ကသိုလ်ဝန်းထဲက ခွေးကလေး နီဂရိုး (Negro) ကတော့ မောင်ဥာဏ်ကောင်းလေးလို့ ဆိုရမှာပါပဲ။ လူတွေရဲ့ အပေးနဲ့အယူကိစ္စကို နီဂရိုး သင်ယူခဲ့ပုံက ဒီလိုပါ။
ကျောင်းထဲက ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေက နီဂရိုးလေးကို အရမ်းချစ်လွန်းလို့ အစာရေစာတွေတိုက်၊ မုန့်တွေကျွေးနဲ့ ဝိုင်းစောင့်ရှောက်ထားကြပါတယ်။ သူကလည်း ကျောင်းဝန်းရဲ့ လုံခြုံရေးကို ပြန်စောင့်ကြပ်ပေးရှာတယ်။ နီဂရိုးက ကွတ်ကီးသိပ်ကြိုက်တယ်။ သူ့ကို ကွတ်ကီးကျွေးတဲ့သူကိုဆို နီဂရိုးက သိပ်ရို့ကျိုး နာခံတော့တာပါပဲ။
တစ်ရက်တော့ နီဂရိုး တစ်ခု သွားတွေ့မိပါတယ်။ သူတွေ့လိုက်တာက မုန့်ဆိုင်မှာ ပိုက်ဆံထုတ်ပေးပြီး ကွတ်ကီးဝယ်နေတဲ့ ကျောင်းသားတွေကိုပါ။ ဥာဏ်ကောင်းတဲ့ နီဂရိုးခေါင်းထဲမှာ အလင်းပွင့်သွားပုံပါပဲ။ သူ လိုချင်တဲ့ ကွတ်ကီးကိုရဖို့ မုန့်ဆိုင်မှာ ဘယ်လို အပေးအယူလုပ်ရမလဲဆိုတာ နားလည်လိုက်ပါပြီ။
နောက်ရက်မှာ သစ်ရွက်တစ်ရွက်ကို ပါးစပ်က ကိုက်ချီသွားပြီး မုန့်ဆိုင်ရှေ့မှာ အမြီးသွားနှံ့ပြတယ်။ သူ ကွတ်ကီး လိုချင်တယ်ပေါ့လေ။ မုန့်ဆိုင်ကလူတွေက နီဂရိုးလုပ်ပုံကို သဘောကျလွန်းလို့ သူပေးတဲ့ သစ်ရွက်ကိုယူပြီး ကွတ်ကီးတွေ ထုတ်ကျွေးရတော့တာပဲ။ နီဂရိုးက မုန့်ဆိုင်ကို နေ့တိုင်းသွားတယ်။ ကွတ်ကီးကို သစ်ရွက်နဲ့လဲစားပြီး အလုပ်ဖြစ်နေပါတယ်။ နီဂရိုးဟာ ချစ်စရာခွေးလေးတွေရဲ့ ထုံးစံအတိုင်းလူတွေဆီက ချစ်ခင်နားလည်မှုကို ပါးပါးနပ်နပ် ရယူနိုင်ခဲ့တဲ့ ခွေးလိမ္မာကလေးပါပဲ။
Ref: providr.com “Dog Always Brings A Leaf To ‘Buy’ Himself Treats At The Store”
AI (ရိုးရာလေး)