ကွတ်​ကီးကို သစ်​ရွက်​နဲ့ လဲစားတတ်တဲ့ ​ခွေးလိမ္မာ​​လေး

dog-leaf.jpg

​ခွေး​တွေက လူ​တွေရဲ့အချစ်​​တော်​ဆို​တော့ လူ​တွေရဲ့ အကြိုက်​ကို အရမ်းသိကြပါတယ်။ သခင်​က ထိုင်​ခိုင်းရင်​​ထိုင်​မယ်​၊ ထဆိုထမယ်​၊ အမြီး​လေးတနှံ့နှံ့နဲ့ ချစ်​စဖွယ်​ အမူအရာအမျိုးမျိုးလုပ်​ပြီး လူ​တွေရဲ့ အချစ်​ကို ခံယူတတ်​ကြတာပါ​။

ဘိုလီဗီယားတက္ကသိုလ်​ဝန်းထဲက ​ခွေးက​လေး နီဂရိုး (Negro) က​တော့ ​မောင်​ဥာဏ်​​ကောင်း​လေးလို့ ဆိုရမှာပါပဲ။ လူ​တွေရဲ့ အ​ပေးနဲ့အယူကိစ္စကို နီဂရိုး သင်​ယူခဲ့ပုံက ဒီလိုပါ။

​ကျောင်းထဲက ဆရာ​၊ ဆရာမ​တွေနဲ့ ​ကျောင်းသားတွေက ​နီဂရိုး​လေးကို အရမ်းချစ်​လွန်းလို့ ​​အစာ​ရေစာ​တွေတိုက်​၊ မုန့်​တွေ​ကျွေးနဲ့ ဝိုင်းစောင့်‌ရှောက်​ထားကြပါတယ်​။ သူကလည်း ​ကျောင်းဝန်းရဲ့ လုံခြုံ​ရေးကို ပြန်​​စောင့်‌ကြပ်​​ပေးရှာတယ်​။ နီဂရိုးက ကွတ်​ကီးသိပ်​ကြိုက်​တယ်​။ ​သူ့ကို ကွတ်​ကီး​ကျွေးတဲ့​သူကိုဆို နီဂရိုးက သိပ်ရို့ကျိုး နာခံတော့တာပါပဲ။

တစ်​ရက်​​တော့ နီဂရိုး တစ်​ခု သွား​တွေ့မိပါတယ်​။ သူ​တွေ့လိုက်​တာက မုန့်​ဆိုင်မှာ ပိုက်​ဆံ​ထုတ်​​ပေးပြီး ကွ​တ်​ကီးဝယ်​​နေတဲ့ ​ကျောင်းသား​တွေကိုပါ။ ဥာဏ်​​ကောင်းတဲ့ နီဂရိုး​ခေါင်းထဲမှာ အလင်းပွင့်သွားပုံပါပဲ။ သူ လိုချင်​တဲ့ ကွတ်​ကီးကိုရဖို့ မုန့်​ဆိုင်​မှာ ဘယ်​လို အ​ပေးအယူလုပ်​ရမလဲဆိုတာ နားလည်​လိုက်ပါပြီ​။

နောက်ရက်​မှာ သစ်​ရွက်​တစ်​ရွက်​ကို ပါးစပ်​က ကိုက်​ချီသွားပြီး မုန့်​ဆိုင်​​ရှေ့မှာ အမြီးသွားနှံ့ပြတယ်​။ သူ ကွတ်​ကီး လိုချင်​တယ်​​ပေါ့​လေ။ မုန့်​ဆိုင်​ကလူ​တွေက နီဂရိုးလုပ်ပုံကို ​သ​ဘောကျလွန်းလို့ သူ​ပေးတဲ့ သစ်​ရွက်​ကိုယူပြီး ကွတ်​ကီး​တွေ ထုတ်​​ကျွေးရ​တော့တာပဲ။ နီဂရိုးက မုန့်​ဆိုင်​ကို ​နေ့တိုင်းသွားတယ်​။ ကွတ်​ကီးကို သစ်​ရွက်​နဲ့လဲစားပြီး အလုပ်​ဖြစ်​​နေပါတယ်။ နီဂရိုးဟာ ချစ်​စရာ​ခွေး​လေးတွေရဲ့ ထုံးစံအတိုင်းလူ​တွေဆီက ချစ်​ခင်​နားလည်​မှုကို ပါးပါးနပ်နပ် ရယူနိုင်​ခဲ့တဲ့ ​ခွေးလိမ္မာ​က​လေးပါပဲ။

Ref: providr.com “Dog Always Brings A Leaf To ‘Buy’ Himself Treats At The Store”

AI (ရိုးရာ​လေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top