သတိပြုသင့်သော မိတ်ဆွေ အတုအယောင်တို့ရဲ့ စရိုက် (၈) မျိုး

6-7-2020-yyl-025.jpg

ကျွန်မတို့နေထိုင်ရာ လောကကြီးမှာ နည်းပညာတွေ မြင့်မားလာတာနဲ့အမျှ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ၊ တစ်ဦး အပေါ် တစ်ဦး မယုံကြည်ရမှုတွေလည်း ပိုမိုကြီးထွားလာပါတယ်။ “လူအကြောင်းပေါင်းကြည့်မှ သိ” ဆိုပေမဲ့

မိတ်ဆွေတု မှန်း ချက်ချင်း မရိပ်မိဘဲ ရေရှည်ပေါင်းမယ် ဆိုရင်တော့ ဒုက္ခ လှလှတွေ့မှာ မလွဲမသွေပါပဲ။ အထူးသဖြင့် စီးပွားရေးလုပ်ကိုင်သူတွေမှာ ပိုပြီး သတိရှိထားရမှာဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေစစ်နဲ့ မိတ်ဆွေတုရဲ့ ကွဲပြားတဲ့ခြားနားချက်က ဘာတွေများ ဖြစ်နေမလဲ…

၁။ မိတ်ဆွေစစ်က လူတိုင်းကို အလေးထားတယ်။ မိတ်ဆွေတုကတော့ ဩဇာ အာဏာရှိသူကိုပဲ အလေးထားတယ်။

၂။ မိတ်ဆွေစစ်က အချိန်တိုင်းနီးပါး ကိုယ့်အပေါ်ကောင်းပြီး ကူညီပေးတယ်။ မိတ်ဆွေတုကတော့ သူ့ရဲ့ လျှို့ဝှက်အကြံအစည်ရှိတဲ့ အချိန်မှသာ ကောင်းတယ်။

၃။ မိတ်ဆွေစစ်က လူတွေရဲ့ အလေးပေးမှုကို ရအောင် မကြိုးစားဘူး။ မိတ်ဆွေတုကတော့အရေးပေးတာကို မရမက ခံချင်တယ်။

၄။ မိတ်ဆွေစစ်က သူ့ကို လူတွေ သဘောကျအောင် အတင်းလုပ်မယူဘူး။ မိတ်တွေတုကတော့ လူတွေ သဘောကျလာအောင် ကြိုးစားနေထိုင်တယ်။

၅။ မိတ်ဆွေစစ်က သူတို့ရဲ့ ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်းပြောတယ်။ မိတ်ဆွေတုကတော့ အတင်းတုပ်တာများတယ်။

၆။ မိတ်ဆွေစစ်က ကြွားဝါခြင်းမရှိဘူး။ မိတ်ဆွေတုက အချိန်တိုင်း ဟန်ရေးပြတယ်။

၇။ မိတ်ဆွေစစ်က သူတို့ကတိအတိုင်း အကောင်းဆုံးကြိုးစားနေထိုင်တယ်။မိတ်ဆွေတုကတော့ ကတိကို လွယ်လွယ်ပေးပြီး လွယ်လွယ်မေ့ပစ်တယ်။

၈။ မိတ်ဆွေစစ်က သူတစ်ပါးကို လေးစားပြီးမကြာခဏ ချီးကျူးပေးတယ်။ မိတ်ဆွေတုက သူတစ်ပါးကို ဝေဖန် ပြောဆိုပြီး သူတို့ကိုယ်သူတို့ လူတတ်ကြီးလုပ်လေ့ရှိတယ်။

Ref: Truth inside of you

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top