Mont Blanc တောင်မှာ တွေ့ရှိခဲ့တဲ့ ကျောက်မျက်ရတနာတွေထဲက တစ်ဝက်ကို ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ တောင်တက်သမား

8.12.2021yyl3.jpg

တောင်တက်သမားတစ်ဉီးဟာ ပြင်သစ်နိုင်ငံက Mont Blanc တောင်ပေါ်ကနေ မြ နဲ့ နီလာပါဝင်တဲ့ တန်ဖိုးကြီးကျောက်မျက်ရတနာတွေကို ၂၀၁၃ခုနှစ်က တွေ့ရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ပြင်သစ်နိုင်ငံရဲ့အာဏာပိုင်တွေက တောင်တက်သမား ရှာတွေ့ခဲ့တဲ့ ဒေါ်လာ ၁၆၈,၇၀၀ တန် အဲဒီကျောက်မျက်ရတနာတွေကို သိမ်းဆည်းထားခဲ့တာပါ။ အခုဆိုရင် အာဏာပိုင်တွေက အဲဒီကျောက်မျက်ရတနာတွေရဲ့ပိုင်ရှင်ကို ရှာမတွေ့ခဲ့တဲ့အတွက် တောင်တက်သမားကို ကျောက်မျက်ရတနာတစ်ဝက် (တန်ဖိုးအားဖြင့် ဒေါ်လာ၈၄,၃၅၀) ပေးအပ်ခဲ့တယ်လို့ Chamonix Mont Blanc ကောင်စီရဲ့ ဖေ့စ်ဘွတ်ပို့စ်အရ သိရပါတယ်။

ကျောက်မျက်ရတနာကျွမ်းကျင်ပညာရှင်တွေက အဲဒီကျောက်တွေကို တောင်တက်သမားနဲ့ အာဏာပိုင်တွေအတွက် ဒေါ်လာ ၈၄,၃၅၀ စီ အညီအမျှခွဲပေးခဲ့တယ်လို့ ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။ ကောင်စီက အဲဒီကျောက်မျက်ရတနာတွေကို ပြန်လည်ပြုပြင်မွမ်းမံထားတဲ့၊ ဒီဇင်ဘာ ၁၉ ရက်နေ့ ပြန်ဖွင့်မယ့် Chamonix Crystal Museum မှာ ပြသထားမှာဖြစ်ပါတယ်။ ၁၉၆၆ခုနှစ်က Mont Blanc တောင်ပေါ် ပျက်ကျခဲ့တဲ့ လူ (၁၁၇) ဉီး သေဆုံးခဲ့ရတဲ့ Air India Boeing707 လေယာဉ်မှာ ဒီကျောက်မျက်ရတနာတွေ သယ်ဆောင်လာခဲ့တာဖြစ်တယ်လို့ ကောင်စီက ပြောပါတယ်။

အဲဒီလေယာဉ်ပျက်ကျမှုက အိန္ဒိယနျူကလီးယားလုပ်ငန်းရဲ့ဖခင်ကြီး ဟိုမီ ဘာဘာ (Homi Bhabha) ကို တင်ဆောင်လာခဲ့လို့ တိုက်လေယာဉ် (သို့) ဒုံးကျည်နဲ့ ပစ်ချတိုက်ခိုက်ခြင်းခံရတာကြောင့်ဖြစ်တယ်ဆိုတဲ့ အငြင်းပွားဖွယ်ရာသီအိုရီတွေ ရှိခဲ့ပါတယ်။ ၁၉၅၀ခုနှစ်ကလည်း Air India Boeing707 လေယာဉ်ပျက်ကျခဲ့တဲ့ နေရာမှာပဲ နောက်ထပ် Air India လေယာဉ်ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါလာတဲ့ (၄၈)ဦး လုံး သေဆုံးခဲ့ရပါတယ်။ လေယာဉ်အပျက်အစီးအစိတ်အပိုင်းတွေကို ၁၉၈၆ခုနှစ်မှာ ရေခဲမြစ်ရဲ့အောက်ခြေကနေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ Mont Blanc ခရီးသွားဆိုက်တစ်ခုအရ သိရပါတယ်။

၂၀၂၀ခုနှစ် ဇူလိုင်လကလည်း ပြင်သစ်နိုင်ငံမှာ ရေခဲမြစ်အရည်ပျော်ကျရမှ ၁၉၆၆ခုနှစ်က သတင်းစာတွေ သိမ်းဆည်းထားတဲ့ ကက်ရှ် (cache) တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ သတင်းစာတွေထဲကတစ်ခုက ဇန်နဝါရီ ၂၀ ထုတ်သတင်းစာဖြစ်ပြီး အင်ဒီရာ ဂန္ဒီ (Indira Ganchi) ကို ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ကြောင်း ကြေညာထားတာဖြစ်ပါတယ်။

Ref: CNN “Climber can keep $84,000-worth of jewels he found on Mont Blanc”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top