ဆောင်းတွင်းကာလ ဉီးရေပြားဗောက်မထအောင် ဘယ်လိုကာကွယ်မလဲ

9.12.2021yyl14.jpg

ဗောက်ထလို့ စိတ်ညစ်နေလား။ ဗောက်ထတာက အဖြစ်များဆုံးဉီးရေပြားပြဿနာတွေထဲက တစ်ခုဖြစ်ပေမဲ့ ဉီးရေပြားမှာ ဗောက်ထတာကို မြင်နေရတာ စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ ဆောင်းရာသီရောက်တာနဲ့ ဉီးရေပြားဗောက်ထတာကို လူတော်တော်များများ ကြုံတွေ့ကြမှာပါ။ ဆောင်းရာသီက အစိုဓာတ်ကို ဆုံးရှုံးစေတဲ့အတွက် အသားရေနဲ့ ဆံသားကို ခြောက်သွေ့ကြမ်းတမ်းစေပါတယ်။ ဉီးရေပြားခြောက်သွေ့ခြင်းရဲ့ရလဒ်က ဆံပင်ကျွတ်ခြင်းကို ဖြစ်စေနိုင်တဲ့ ဗောက်ထတာပါပဲ။ ဆောင်းရာသီမှာ ဗောက်ကင်းစင်တဲ့ ဉီးရေပြားနဲ့ လှပတဲ့ဆံသားလေးကို ရရှိချင်ရင် ဆံပင်ပေါင်းတာတာ၊ ခေါင်းလိမ်းဆီတွေနဲ့ နှိပ်နယ်ပေးတာလို ဆံသားထိန်းသိမ်းနည်းတွေကို လုပ်ဆောင်ပေးသင့်ပါတယ်။ ဆောင်းရာသီမှာ ဗောက်ကင်းစင်စေမယ့် အခြားနည်းလမ်းတွေကတော့

သံပရိုရည် အသုံးပြုပါ

ဉီးရေပြားက ဗောက်တွေကို ဖယ်ရှားဖို့ အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုကတော့ အုန်းဆီနဲ့ သံပရိုရည်တွေကို အသုံးပြုတာပါပဲ။ လတ်ဆတ်တဲ့ သံပရိုရည်အနည်းငယ်နဲ့ အုန်းဆီတို့ကို ရောစပ်ပါ။ ၁၀၀ရာခိုင်နှုန်း သန့်စင်တဲ့ သဘာဝအုန်းဆီအသုံးပြုလို့ရပါတယ်။ အဲဒီအရောအနှောကို ဉီးရေပြားပေါ် လိမ်းပြီး (၃-၅) မိနစ်လောက် ဉီးရေပြားကို နှိပ်နယ်ပေးပါ။ (၁) နာရီအကြာမှာ ခေါင်းလျှော်လိုက်ရုံပါပဲ။

ခေါင်းလျှော်ရည်ထဲ အဆီအနှစ်တွေ ထည့်ပါ

ပုံမှန်သုံးနေကျခေါင်းလျှော်ရည်ထဲကို tea tree ဆီ (သို့) ပူစီနံဆီ အစက်အနည်းငယ်ရောထည့်ပြီး ခေါင်းလျှော်ပါ။ အဲဒီလို ရောစပ်ထားပြီး (၂) ကြိမ် (၃) ကြိမ်လောက် ခေါင်းလျှော်ပြီးတဲ့နောက် ရလဒ်ကိုသိသိသားသားတွေ့ရပါလိမ့်မယ်။

ဗောက်ပျောက်ခေါင်းလျှော်ရည်သုံးပါ

ဆံသားထိန်းသိမ်းတာတွေလုပ်ရတာမကြိုက်ရင် ဉီးရေပြားက ဗောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ ဗောက်ပျောက်ခေါင်းလျှော်ရည်ကို အသုံးပြုလို့ရပါတယ်။ ဗောက်နည်းနည်းပဲထတယ်ဆိုရင် ဗောက်ပျောက်ခေါင်းလျှော်ရည်က အသုံးဝင်ပါတယ်။ ဗောက်အရမ်းထတဲ့ပြဿနာရှိတယ်ဆိုရင်တော့ ဗောက်ပျောက်ခေါင်းလျှော်ရည်နဲ့ ရလဒ်ကောင်းရမှာမဟုတ်ပါဘူး။

တမာခေါင်းလိမ်းဆီကို သုံးပါ

တမာခေါင်းလိမ်းဆီကလည်း ဉီးရေပြားယားယံတာနဲ့ ဗောက်ထတာ သက်သာသွားအောင် ကူညီပေးနိုင်စွမ်းရှိပါတယ်။ ရလဒ်ကောင်းကို မြင်တွေ့ရဖို့အတွက် အပျော့စားခေါင်းလျှော်ရည်နဲ့လျှော်ပြီး တမာခေါင်းလိမ်းဆီကို (၁) ပတ် (၂) ကြိမ် အသုံးပြုပေးပါ။

Ref: How to prevent your scalp from dandruff during winter?

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top