“ကောင်းကင်ဘုံမှာ တွေ့ကြမယ်” ဆိုတဲ့ အသက် ၉ နှစ်အရွယ်ယူကရိန်းကလေးမလေးရဲ့ ရင်နင့်ဖွယ်စာတစ်စောင်

19-4-2022-yyl-01.jpg

ယူကရိန်းမှာ စစ်ပွဲအတွင်း မိခင်ကို ဆုံးရှုံးလိုက်ရတဲ့ အသက် ၉ နှစ်သမီးလေး ဂါလီယား (Galia) ဟာ သူ့မိခင်ကို ရည်စူးပြီး လက်ရေးစာတစ်စောင်ရေးသားခဲ့ပါတယ်။ ဂါလီယားက ကျူး​ကျော်စစ်စတင်ကတည်းက ရုရှားတပ်ဖွဲ့ရဲ့တိုက်ခိုက်မှုဒဏ်ကိုပြင်းပြင်းထန်ထန်ခံစားခဲ့ရတဲ့ ဘိုရိုဒရန်ကာ (Borodyanka) မှာ သူ့မိခင်ကို ဆုံးရှုံးခဲ့ရတာပါ။

ယူကရိန်းပြည်ထဲရေးဝန်ကြီးရဲ့အကြံပေးပုဂ္ဂိုလ် အန်တန် ဂီရာစချန်ကို (Anton Gerashchenko) က ဂါလီယားရဲ့လက်ရေးစာဓာတ်ပုံကို တွစ်တာမှာ မျှဝေခဲ့ပါတယ်။ ဂါလီယားဟာ ဒီစာကို မတ်လ ၈ ရက်နေ့က ရေးသားခဲ့တာပါ။ ဂါလီယားရဲ့လက်ရေးစာလေးကတော့ “မေမေ၊ ဒီစာက အ​မေ့ရဲ့လက်ဆောင်ပါ။ အမေက သမီးကို အကြောင်းပြချက်မရှိဘဲ ပြုစုပျိုးထောင်ခဲ့တာလို့ထင်ရင် မှားတယ်။ သမီးဘဝရဲ့ ၉နှစ်တာအတွက် ကျေးဇူးတင်ပါတယ်။ သမီးရဲ့ ငယ်ဘဝအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အ​မေက ကမ္ဘာပေါ်မှာ အကောင်းဆုံးအမေပါပဲ။ သမီး အမေ့ကို ဘယ်​တော့မှ မေ့မှာမဟုတ်ပါဘူး။ ကောင်းကင်ဘုံမှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပါတယ်။

ကောင်းကင်ဘုံရောက်ပါစေလို့ ဆုတောင်းပါတယ်။ သမီးတို့ ကောင်းကင်ဘုံမှာ တွေ့ကြမယ်။ ကောင်းကင်ဘုံရောက်ဖို့ ကိုယ့်ကိုယ်ကို ကောင်းကောင်းကျင့်ကြံနေထိုင်နိုင်ဖို့ ကြိုးစားပါမယ်”တဲ့။ ဂါလီယားရဲ့မိခင် သေဆုံးခဲ့တဲ့ မြို့က အခြေအနေတွေက ပိုပြီးဆိုးရွားတယ်လို့ယူကရိန်းသမ္မတက ပြောကြားခဲ့ပါတယ်။ မ​ကြာသေးခင်ကမှ ယူကရိန်းတပ်တွေက ရုရှားတပ်ဖွဲ့တွေဆီက မြို့ကို ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ အဲဒီမြို့ရဲ့ အုတ်ကျိုးအုတ်ပဲ့တွေကြားမှာ အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့ကြရပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့အထိ ဒေသတွင်းကယ်ဆယ်ရေးအဖွဲ့က ပျောက်ဆုံးနေတဲဲ့ဒေသခံတွေကို ရှာဖွေဖို့ ကြိုးစားနေခဲ့ရပါတယ်။

အခုဆိုရင် ရုရှားကျူးကျော်စစ်အတွင်း သေဆုံးခဲ့တဲ့ ယူကရိန်းပြည်သူ ၂၄၀၀၀ နီးပါးရှိနေပြီဖြစ်ပါတယ်။

Ref: CBSNews “9-year-old girl pens heartbreaking letter to her mom who died in Ukraine: “We will meet in heaven”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top