နှစ် ၃၀ ကြာမှ ဘွဲ့ရအောင်ယူနိုင်ခဲ့တဲ့ မင်းသား အန်သိုနီ အန်ဒါဆန်

10-5-2022-yyl-12.jpg

The Black-ish အမေရိကန်တီဗီအစီအစဉ်နဲ့ လူသိများတဲ့ မင်းသား အန်သိုနီ အန်ဒါဆန် (Anthony Anderson) ဟာ ကောလိပ်ကျောင်းသားဘဝတုန်းက ငွေရေးကြေးရေးအခက်အခဲကြောင့် ကောလိပ်ကနေထွက်ခဲ့ရပါတယ်။ အခုတော့ နှစ် ၃၀ အကြာ အသက် ၅၁ နှစ်မှာ အန်သိုနီက တက္ကသိုလ်ကနေ ဘွဲ့ရအောင်ယူနိုင်ခဲ့ပါပြီ။

အန်သိုနီက Howard University ကနေ BFA ဘွဲ့ (Bachelor of Fine Arts) ကို ရရှိခဲ့တာပါ။ သူ့ရဲ့အောင်မြင်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ အခြားသူတွေကို အားတက်စေမယ့် စာသားနဲ့ အင်စတာဂရမ်မှာ ပို့စ်တင်ခဲ့ပါသေးတယ်။ “အဆိုတော်ဘစ်ဂီ (Biggie) ရဲ့စကားကိုကိုးကားရရင် ဒါတွေအားလုံးက အိပ်မက်တစ်ခုလိုပါပဲ။ ကျွန်တော်…အခုလက်ရှိဖြစ်နေတဲ့ ရိုလာကိုစတာလို ခံစားချက်ကို စကားလုံးတွေနဲ့ စပြီးဖော်ပြလို့မရနိုင်ပါဘူး။ ဒါကို လုပ်နေခဲ့တာ နှစ်ပေါင်း ၃၀ ကြာခဲ့ပြီ။ နောက်ဆုံးတော့ အခုနွေဉီးမှာ BFA ဘွဲ့တစ်ခုကို Howard University ရဲ့ Chadwick A Boseman College of Fine Arts ကနေ ရရှိ‌အောင်လုပ်နိုင်ခဲ့ပြီ။ ဘယ်တော့မှ အရမ်းနောက်မကျသွားပါဘူး။ ဖြစ်သင့်ဖြစ်ထိုက်တဲ့အချိန်ကျ ဖြစ်သွားတာပါပဲ”လို့ အန်သိုနီက ရေးသားခဲ့ပါတယ်။

ဒီအောင်မြင်မှုမှတ်တိုင်စိုက်ထူနိုင်ဖို့ သူ့ကို ကူညီပေးခဲ့တဲ့လူတွေကိုလည်း အန်တိုနီက ကျေးဇူးတင်ခဲ့ပါတယ်။ ဘွဲ့ရအောင် ကျောင်းပြန်တက်ဖို့ တွန်းအားပေးခဲ့တဲ့ သူ့ရဲ့သား နသန်ကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ “ကျွန်တော့်ရဲ့သား Howard University ကို ဝင်ခွင့်ရပြီးနောက် ကျွန်တော့်ကို ကျောင်းပြန်တက်အောင် လှုံ့ဆော်ပေးခဲ့တဲ့အတွက် သား နသန်ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒါက အစပဲရှိပါသေးတယ်”လို့ ဆိုပါတယ်။ အန်တိုနီဟာ ၂၀၁၈ခုနှစ်မှာ ပညာရေးကို ပြန်ပြီးလေ့လာသင်ယူမယ့်ဆုံးဖြတ်ချက်နဲ့ သူ့သားနဲ့အတူ ဘွဲ့ယူမယ့် မျှော်လင့်ချက်တွေအကြောင်း အရင်က ဖွင့်ဟခဲ့ဖူးပါတယ်။

Ref: GMA & Dailymail “Anthony Anderson graduates from Howard University: ‘It’s never too late’

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top