ဒေါ်နယ်လ်ထရန့်ရဲ့တွစ်တာအကောင့်ကို နဂိုအတိုင်းပြန်ခွင့်ပြုမယ်လို့ အီလွန်မက်စ် ပြော

11-5-2022-yyl-01.jpg

အရင်က တားမြစ်ပိတ်ပင်ထားတဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်လ် ထရန့်ရဲ့တွစ်တာအကောင့်ကို ပြန်လည်သုံးခွင့်ပြုသွားမယ်လို့ အီလွန်မက်စ်က အင်္ဂါနေ့မှာ ပြောကြားသွားခဲ့ပါတယ်။ ထရန့်ရဲ့ထောက်ခံအားပေးသူတွေ အမေရိကန်ကွန်ဂရက်လွှတ်တော်ကို အကြမ်းဖက်စီးနင်းမှုကြောင့် ၂၀၂၁ခုနှစ် ဇန်နဝါရီမှာ တွစ်တာက ထရန့်ရဲ့အကောင့်ကို အပြီးတိုင်ပိတ်ပစ်တာဟာ တွစ်တာအတွက် “ဆင်ခြင်တုံကင်းမဲ့ပြီး မိုက်မဲလွန်းတယ်”လို့ The Financial Times က စပွန်ဆာပေးတဲ့ ပွဲတစ်ခုမှာ အီလွန်မက်စ် ပြောခဲ့ပါတယ်။

“ဒေါ်နယ်လ်ထရန့်ကို ပိတ်ပင်တာက မမှန်ဘူးလို့ ကျွန်တော်ထင်တယ်။ တိုင်းပြည်ရဲ့ကြီးမားတဲ့အစိတ်အပိုင်းကို ဖယ်ကျဉ်ခဲ့ပေမဲ့ ဒေါ်နယ်ထရမ့်ရဲ့ အသံကိုလည်း မပိတ်ပင်နိုင်ခဲ့ပါဘူး။ လက်ယာစွန်းရောက်ဝါဒရှိသူတွေကြားမှာ သူ့အသံကို ပိုကျယ်လောင်စေခဲ့တာပါ။ ဒါက ဆင်ခြင်တုံကင်းမဲ့ပြီး မိုက်မဲလွန်းပါတယ်” လို့ မက်စ်က ပြောခဲ့ပါတယ်။
ကွန်ဆာဗေးတစ်တွေကို တွစ်တာက မကြိုဆိုဘူးဆိုရင် နိုင်ငံရေးဆွေးနွေးမှုတွေ အရမ်းပြိုကွဲသွားမှာ စိုးရမ်တယ်လို့လည်း မက်စ်က ပြောပါတယ်။

ထရန့်ရဲ့ပြောရေးဆိုခွင့်ရှိသူတွေက မက်စ်ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တစ်စုံတစ်ရာပြောဆိုလာခြင်းတော့မရှိခဲ့ပါဘူး။ တွစ်တာရဲ့လက်ရှိစီမံခန့်ခွဲပိုင်းရဲ့ပြောရေးဆိုခွင့်ရှိသူတွေကလည်း မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ဖေ့စ်ဘွတ်ခ်ရဲ့မိခင်ကုမ္ပဏီ Meta က မက်စ်ရဲ့ပြောကြားချက်တွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို ချက်ခြင်းတုံ့ပြန်ခြင်းမရှိသေးပါဘူး။ YouTubeရဲ့မိခင်ကုမ္ပဏီ Google ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက အကြမ်းဖက်မှုကို လှုံ့ဆော်တဲ့အန္တရာယ်လျော့နည်းသွားတဲ့အခါ ထရန့်ကို ပိတ်ပင်ထားတာ ဖြေလျော့မယ်ဆိုတဲ့ စီအီးအို ဆူဆန် ဝူဂျ်ဆီစကီရဲ့ ၂၀၂၁ခုနှစ် မတ်လ ထုတ်ပြန်ချက်ထက်ကျော်ပြီး ထုတ်ပြန်ချက်အသစ်မရှိသေးဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့လကတော့ ထရန့်က သူ့ကို ပြန်ခွင့်ပြုရင်တောင် တွစ်တာကို ပြန်သုံးမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ထရန့်ရဲ့အကောင့် ပိတ်ပစ်ခံရချိန်က တွစ်တာရဲ့စီအီးအို ဂျက်ခ် ဒေါဆေးက “တွစ်တာအပေါ်မှာရော အပြင်မှာပါ ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုအတွက် ခြိမ်းခြောက်မှုအပေါ် အခြေခံပြီး အော့ဖ်လိုင်းအန္တရာယ်က ကာကွယ်ခြင်းအနေနဲ့ တားမြစ်ပိတ်ပင်တာဖြစ်တယ်လို့ ပြောကြားခဲ့တာပါ။

လူမှုကွန်ယက်မှာ နှောင့်ယှက်မှုနဲ့ အမုန်းစကားတွေပိတ်ပင်တာကို ထောက်ခံတဲ့သူတွေက မက်စ်ဟာ တွစ်တာမှာ နောက်ထပ် ဘယ်အရာတွေကို ပြန်လည်ခွင့်ပြုမလဲဆိုပြီး စိုးရိမ်နေကြပါတယ်။ “မက်စ် ပြန်ခွင့်ပြုမှာက ထရန့်တစ်ယောက်ပဲ ဖြစ်မှာမဟုတ်ဘူး။ အဲလက်စ်ဂျုန်း၊ ရော်ဂျာစတုန်းကနေ လူဖြူအမျိုးသားရေးဝါဒီတွေအထိ သူတို့ရဲ့အကောင့်တွေကို ပြန်လည်ခွင့်ပြုရမယ့်သူတွေ အများကြီးပါပဲ”လို့ လစ်ဘရယ်ထောက်ခံအားပေးတဲ့အဖွဲ့ Media Matters for America ရဲ့ဉက္ကဌ အန်ဂျယ်လို ကာရူဆုန်းကပြောပါတယ်။

အီလွန်မက်စ်ရဲ့တွစ်တာဝယ်ယူမှုက အပြီးမသတ်ရသေးပါဘူး။ တွစ်တာရှယ်ယာရှင်တွေရဲ့ခွင့်ပြုချက်နဲ့ အခုနှစ်ကုန်မှာ အပြီးသတ်ဖို့ မျှော်လင့်ရပါတယ်။

Ref: NBCNews “Elon Musk says he would allow Donald Trump back on Twitter”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top