သူ့ကို ကယ်တင်ပေးခဲ့တဲ့ အမျိုးသမီးကို မမေ့ဘဲ နေ့တိုင်း အိမ်လာပြီး ဆော့ကစားလေ့ရှိတဲ့ ရှဉ့်လေး

18-11-2022-yyl01.png

တိရစ္ဆာန်လေးတွေက သူတို့အပေါ် ဂရုဏာထားပြီး ချစ်ခြင်းမေတ္တာနဲ့ ဆက်ဆံတဲ့ လူသားတွေကို ဘယ်တော့မှ မမေ့ကြဘူးဆိုတဲ့ သာဓကတွေ အများကြီးရှိပါတယ်။ ဆင်မြူရယ်လို့ ခေါ်တဲ့ ရှဉ့်လေးတစ်ကောင်ကလည်း သူ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ လူတွေကို မမေ့ခဲ့ပါဘူး။ သူ့ကို ခရစ်စီဆိုတဲ့ အမျိုးသမီးမိသားစုက ကယ်တင်ပေးခဲ့တာပါ။ အဲဒီအကြောင်းကို ခရစ်စီက လူမှုကွန်ယက်ပေါ်မှာ ပြောပြခဲ့တာပါ။ ဆင်မြူရယ်ကို ကယ်တင်ပေးခဲ့တဲ့အတွက် သူတို့ဆီကို ကစားဖို့ နေ့တိုင်းလာလေ့ရှိတယ်လို့ ခရစ်စီက ပြောပါတယ်။

ခရစ်စီဟာ ဆင်မြူရယ် အသက် (၅) ပတ်သားအရွယ်လောက်မှာ ပထမဆုံးတွေ့ခဲ့တာပါ။ သူ့ကိုတွေ့တော့ Critter Care လို့ခေါ်တဲ့ တောရိုင်းတိရစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့ကို ဖုန်းဆက်ခဲ့တယ်။ အဲဒီအဖွဲ့အစည်းက ဒဏ်ရာရနေတဲ့ရှဉ့်လေးကို ခရစ်စီတို့ ဘယ်လိုကျွေးမွေးပြုစုစောင့်ရှောက်ရမလဲဆိုတာတွေကို အကြံပေးပြောကြားခဲ့အပြင် အကူညီလည်းပေးခဲ့တယ်။ ခရစ်စီနဲ့ သူ့မိသားစုက ဆင်မြူရယ် ကျန်းမာရေးပြန်ကောင်းလာတဲ့အထိ ကျွေးမွေးစောင့်ရှောက်ပေးခဲ့တယ်။ ဆင်မြူရယ် ကျန်းမာရေးပြန်ကောင်းလာတော့ တောထဲ ပြန်လွှတ်ပေးခဲ့တယ်။

ဒါပေမဲ့ ဆင်မြူရယ်က ခရစ်စီတို့မိသားစုဆီ နေ့တိုင်း လာခဲ့ပြီး ဆော့ကစားခဲ့တယ်။ ဆင်မြူရယ်က ခရစ်စီတို့ရဲ့အိမ်နောက်ဖေးကနေ ပေ ၅၀ လောက်ရှိတဲ့ သစ်ပင်မှာ အိမ်ဖွဲ့ပြီး နေခဲ့တယ်။ ဆင်မြူရယ်က ခရစ်စီတို့ကို နာကျင်အောင်လုပ်တာမျိုးလည်းမရှိဘူး။ ဘယ်တော့မှလည်း ရန်မလိုခဲ့ဘူး။ ဆင်မြူရယ်က ခရစ်စီကို ကိုက်ချင်ယောင်ဆောင်ရတာကို နှစ်သက်ပေမဲ့ အရမ်းညင်သာတယ်။ ဆင်မြူရယ်လာတဲ့အချိန်ဆို ခရစ်စီရဲ့အပေါ်ကို တွဲတက်ပြီး ဆော့ကစားလေ့ရှိပါတယ်။

Ref: Upworthy “Woman nursed a baby squirrel back to health and he comes to play with her everyday”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top