ကလေးတွေရဲ့သွားကို ဂရုစိုက်နိုင်မဲ့ နည်းလမ်းတွေ

adorable-child-learing-how-to-brush-his-teeth-XZSM7CF.jpg

သင့်ကလေးရဲ့သွားတွေ ထွက်စပြုနေပြီဆိုရင် စပြီး ဂရုစိုက်ရမဲ့အချိန် ရောက်ပါပြီ။ သွားလေးတွေ ပေါက်လာတာက အချိန်ခဏလေးပဲဆိုပေမဲ့ ကလေးတွေရဲ့ သွားဖုံးနဲ့ နောက်ထပ်လာမဲ့သွားတွေအတွက် သွားကျန်းမာရေးဟာ မရှိမဖြစ် လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ့်ကလေးငယ်ရဲ့ သွားလေးတွေကို ဂရုစိုက်နိုင်မဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သွားလေးတွေ စမပေါက်ခင်ကတည်းက ကလေးရဲ့ပါးစပ်ကို သန့်ရှင်းပေးပါ။ အစာကျွေးပြီးနောက် နွေးထွေးပြီး စိုစွတ်တဲ့အဝတ် ဒါမှမဟုတ် စိုထိုင်းတဲ့ ပိတ်စလေးကို လက်မှာပတ်ပြီး သွားဖုံးလေးတွေကို သုတ်ပေးပါ။ စားကြွင်းတွေကို ဖယ်ရှားဖို့ နူးညံ့တဲ့ရာဘာ အစွပ်ကိုလည်း ဝယ်ယူပြီး အသုံးပြုနိုင်ပါတယ်။

၂။ သွားတွေ စပေါက်တဲ့အချိန်ဆိုရင် နည်းလမ်းမှန်နဲ့ ဂရုစိုက်ပေးဖို့ လိုပါတယ်။ မိဘအများစုဟာ ငယ်သွားတွေဟာ အရေးမကြီးဘူးလို့
ထင်တတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ နောက်ဆုံးမှာ သွားအသစ် ထပ်ပေါက်လာမှာမို့လို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ပထမဆုံး ပေါက်တဲ့ ငယ်သွားလေးတွေဟာ နောက်ပေါက်မဲ့သွားတွေအတွက် အခေါင်းပေါက်နေရာကို ထိန်းသိမ်းပေးထားလို့ ဖြစ်ပါတယ်။ ပြီးတော့ ငယ်သွားလေးတွေက အစာဝါးဖို့ရော စကားပြောဖို့အတွက်ရော ပေါက်လာတာဖြစ်ပါတယ်။ တကယ်လို့ သေချာ ဂရုမစိုက်ဘူးဆိုရင် သွားဖုံးရောင်ရမ်းတာတွေ ဖြစ်နိုင်ပါတယ်။

၃။ သွားဖုံးလေးတွေ ဖြစ်လာပြီဆိုရင် ပထမဆုံးအနေနဲ့ အရောင်ပြောင်းပြီး အခေါင်းပေါက်လေးတွေ ဖြစ်လာပါတယ်။ ကလေးတွေကို အိပ်ရာထဲမှာ နို့ဘူးနဲ့သိပ်တာဟာ သွားဖုံး အခေါင်းပေါက်လေးတွေအတွက် အာဟာရ ဖြစ်စေပါတယ်။ ဒါပေမဲ့ နို့ဘူးနဲ့ အကြာကြီး မသိပ်ပါနဲ့။ ကလေးက နို့မသောက်တော့ဘဲ ဇိမ်ကျဖို့သက်သက်ပဲ ပါးစပ်ထဲ ထည့်ထားတာလားဆိုတာ သတိပြုပေးပါ။

၄။ အသက် ၂ နှစ်လောက်ဆိုရင်တော့ သွားတိုက်ဆေးနဲ့ သွားတိုက်လို့ရပါပြီ။ ဖလိုရိုဒ်ပါတဲ့ သွားတိုက်ဆေးကို အသုံးပြုပြီး တစ်နေ့နှစ်ကြိမ် သွားတိုက်သင့်ပါတယ်။

၅။ သွားလေးတွေ စပေါက်လာတဲ့အခါ ဒါမှမဟုတ် အသက် ၁ နှစ်လောက်မှာ သွားကျန်းမာရေးအတွက် ဆရာဝန်ကို ပြသင့်ပါတယ်။ ပုလဲလုံးလေးတွေလို ညီညာတဲ့သွားဖြစ်လာဖို့ ဂရုစိုက်တတ်အောင် အလေ့အကျင့်ကောင်းလေးတွေ မွေးမြူပေးသင့်ပါတယ်။

Ref: www.parents.com “7 tips for baby toothcare”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top