ထိုင်းစတိုင် ရှူးရှဲရသာ ကင်းမွန်သုပ်

40444267_1161008110717600_1042408847869739008_n.jpg

ဒီတစ်ပတ်ပိတ်ရက်မှာ ကင်းမွန်ချစ်သူတွေအတွက် ထိုင်းစတိုင် ကင်းမွန်သုပ်နည်းလေး ပြောပြချင်ပါတယ်။ ချို ချဉ် စပ် အရသာအားလုံးကို

တစ်ပြိုင်တည်း ပေးမယ့် ကင်းမွန်သုပ် ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းတွေအနေနဲ့ ပထမဦးစွာ အချဉ်ရည်ပြုလုပ်ဖို့အတွက် ငရုတ်သီး ၃ တောင့် ၊ ကြက်သွန်ဖြူအမွှာကြီး ၁ မွှာ၊ ထန်းလျက်ခဲ ၁ လုံး၊ ငါးငံပြာရည်နဲ့ သံပုရာရည် တို့လိုပါတယ်။

ကင်းမွန်သုပ်အတွက် ကတော့ – ကင်းမွန် ၁၀ သား ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်ဖြူမြိတ် ၊ ကြက်သွန်နီအသေး ၊ ခရမ်းချဉ်သီးအသေး၊ သခွားသီး ၊ ပင်စိမ်း ၊ ဂျင်း ၊ဟင်းရွက်ဆီ ဖြစ်ပါတယ်။

ပြုလုပ်နည်း အဆင့်ဆင့်ကို ပြောပြပါမယ်။

၁။ အချဉ်ရည်လုပ်ဖို့ ပါဝင်ပစ္စည်းတွေဖြစ်တဲ့ ငရုတ်သီး ၊ ကြက်သွန်ဖြူ နဲ့ ထန်းလျက်တို့ကို ငရုတ်ဆုံထဲ ထည့်ထောင်းပြီး ငါးငံပြာရည်နဲ့ သံပုရာရည် ထည့်ညှစ်ထားပါ။

၂။ ကင်းမွန်ကို သန့်ရှင်းစင်ကြယ်အောင် ဆေးကြောပြီး ဖယ်ထားပါ။

၃။ ကြက်သွန်ဖြူ ကို နုပ်နုပ်စင်းပါ။ ကြက်သွန်ဖြူမြိတ်ကို ပါးပါးလှီး ဖြတ်ထားပါ။ ကြက်သွန်နီ အသေးကို လေးစိပ်စိပ်ပါ။ ခရမ်းချဉ်သီးအသေး ကို ထက်ခြမ်းလှီးပါ။ သခွားသီး ကို ထူထူလှီးပါ။ ပင်စိမ်းအပါအဝင် အားလုံးရောပြီး ဇလုံထဲထည့်ပါ။

၄။ ဒယ်အိုးထဲမှာ ဆီထည့်ပြီး မီးအပူပေးပါ။ ဆီပူလာပြီဆိုတာနဲ့ ဂျင်းထည့်ပြီး အနံ့မွှေးအောင် ထားပါ။ ကင်းမွန်ကို ထည့်ပြီး ကွေးပြီး ကျက်တဲ့အနေရရင် မီးပိတ်လိုက်ပါ။ ကင်းမွန်ကို ငရုတ်ဆုံထဲက အချဉ်ရည်နဲ့သမအောင်နယ်ပြီး ဇလုံထဲက အရွက်တွေနဲ့ရောပြီး နယ်စားရုံပါပဲ။

ဒါဆိုရင် ထမင်းနဲ့တွဲဖက်ပြီး စားသုံးနိုင်မယ့် အရသာရှိတဲ့ နေ့လည်စာ ဟင်းလျာတစ်ပွဲ ရပါပြီ။

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top