၇၅ နှစ်သား တက္ကစီသမား ဒါရှန်ကူမာ

2-8-2022-yyl0၂.jpg

အခုအချိန် သက်ရှိထင်ရှား ရှိသေးရင်တော့ ဒါရှန်ကူမာက အသက် ၈၂ နှစ် ရှိပါပြီ။ အသက် ၇၅ နှစ်အထိ သူ တက္ကစီမောင်းနေတုန်းပဲ။ သားသမီး ၃ ယောက်ရှိတယ်။ ဇနီးကတော့ ဆုံးသွားပြီ။သားအကြီးဆုံးက ကားပစ္စည်းဆိုင် ဖွင့်ထားပြီး ကျိကျိတက်ချမ်းသာတယ်။ ဒါပေမဲ့ အဖေကို ခေါ်မထားချင်ဘူး။ အလတ်မကလည်း သူဋ္ဌေးသားနဲ့ အိမ်ထောင်ကျပြီး ကိုယ်ပိုင်လုပ်ငန်းရှိတယ်။ ဒါပေမဲ့ သူလည်း အဖေကို ခေါ်မထားဘူး။

အငယ်ဆုံးသားလေးကတော့ ဘဏ်မှာလုပ်တယ်။ သူ့အဖေနဲ့ ၃ လလောက် အတူနေပြီး တစ်လကို အိမ်စရိတ် ရူပီး ၁၅၀၀ ပေးတယ်။ ဒါကို အကြီး ၂ ယောက်က မကျေနပ်ဘူး၊ အဖေကို ပိုက်ဆံပေးလို့ အငယ်ကောင်လေးကို ဆူတယ်။ ဒါနဲ့ပဲ ဒါရှန်ကူမာက အိမ်ကနေ ထွက်လာပြီး မွမ်ဘိုင်းမှာ တစ်ယောက်တည်း လာနေတယ်။ သားသမီးတွေလည်း သူတို့ဘဝနဲ့ သူတို့ဆိုတော့ သူ့ကြောင့် အပူမပေးချင်ဘူးတဲ့။ အလုပ်လုပ်နိုင်သေးတော့ တောင်းရမ်းစားသောက်ဖို့လည်း သူ စိတ်မသန့်ဘူး။

သူ ကားမောင်းလာတဲ့ သက်တမ်းကလည်း နှစ် ၅၀ လောက်ရှိပြီ။ ဒါကြောင့် မွမ်ဘိုင်းမှာ သူ တက္ကစီမောင်းစားတယ်။ အခန်းကျဉ်းလေး ငှားနေတယ်။ ကိုယ်တိုင်ချက်ပြုတ်၊ ကိုယ်တိုင်လျှော်ဖွတ်ပြီး အခန်းကျဉ်းလေးထဲမှာ တစ်ကိုယ်တည်း ဖြတ်သန်းနေတယ်။ (သားသမီးတွေ ရှိပေမဲ့)
အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ တွေးပူမနေဘဲ တစ်နေ့ချင်းစီကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းနိုင်ဖို့ပဲ သူ ကြိုးစားနေတယ်တဲ့။ ၂၀၁၅ ခုနှစ်တုန်းက သူ့တက္ကစီ ငှားစီးတဲ့ လူငယ်လေးက သူနဲ့စကားစမြည်ပြောရင်း သူ့အကြောင်းကို ဖေ့ဘွတ်ခ်မှာ တင်လိုက်တာ အချိန်တိုအတင်း ပျံ့နှံ့သွားခဲ့တာပါ။

Ref: Darshan Kumar – The Cab Driver

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top