၂၄ နာရီမပြည့်ခင် ကမ္ဘာတစ်ပတ် လည်ခဲ့တဲ့နေ့

2-8-2022-yyl02.jpg

၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်ဟာ အချိန်အတိုတောင်းဆုံး တစ်ရက်တာ ဖြစ်ခဲ့ပါတယ်။ အဲဒီနေ့မှာ ကမ္ဘာဟာ ၂၄ နာရီပြည့်ဖို့ ၁.၅၉ မီလီစက္ကန့်အလိုမှာ (ကိုယ့်ဝင်ရိုးပေါ်) တစ်ပတ်ပြည့်ခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း ကမ္ဘာရဲ့လည်နှုန်း မြင့်တက်လာပြီး ၂၀၂၀ ပြည့်နှစ်အတွင်း အချိန်အတိုတောင်းဆုံး တစ်လတာ ကြုံခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၉ ရက်မှာ ၂၄ နာရီပြည့်ဖို့ ၁.၄၇ မီလီစက္ကန့်အလိုမှာတင် ကမ္ဘာလည်တာ တစ်ပတ် ပြည့်ခဲ့ပါတယ်။

ကမ္ဘာ့မြေထုရဲ့ အတွင်းလွှာ၊ အပြင်လွှာနဲ့ သမုဒ္ဒရာတွေ၊ ဒီရေစီးကြောင်းတွေ၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွေကြောင့် ကမ္ဘာလည်နှုန်း မြန်လာတာ ဖြစ်မယ်လို့ သိပ္ပံပညာရှင်တွေက သုံးသပ်ထားပါတယ်။

Ref: Earth Is Now Rotating Faster Than Usual, Sets Record For Shortest Day Again

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top