ထူးခြားတဲ့အသံဖြစ်စဉ် တည်ရှိရာ စကြဝဠာဗဟိုချက်

9-21-2022-yyl-39.jpg

အမေရိကန်နိုင်ငံ အုတ်ကလာဟိုးမားပြည်နယ် တူလ်ဆာမြို့လယ်မှာ စကြဝဠာဗဟိုချက်လို့ ရေးသားထားတဲ့ ကွန်ကရစ်စက်ဝိုင်းတစ်ခု ရှိတယ်။ အချင်း ၈ ပေသာသာလောက် ရှိတဲ့ စက်ဝိုင်းပုံအုတ်ချပ်တွေအလယ်မှာ ကွန်ကရစ်စက်ဝိုင်း ရှိနေတာပါ။

အဲဒီစက်ဝိုင်းအလယ်ဗဟိုကနေ အသံပြုလိုက်ရင် မူလအသံထက် ပိုကျယ်တဲ့ ပဲ့တင်သံတွေကြားရပါတယ်။ (စက်ဝိုင်းအပြင်ဘက်က လူတွေကျတော့ အသံမကြားရဘူးဆိုတဲ့ ချဲ့ကားပြောဆိုမှုတချို့လည်း ရှိပါတယ်)။ ဒါပေမဲ့ စက်ဝိုင်းထဲကလူ ကြားရတဲ့အသံနဲ့ စက်ဝိုင်းအပြင်ဘက်က ကြားရတဲ့ အသံချင်းတော့ မတူပါဘူး။ စက်ဝိုင်းအပြင်ဘက်မှာ အသံက ပုံစံပြောင်းသွားတယ်လို့ ဆိုပါတယ်။

ဒါဟာ ထူးခြားတဲ့အသံဖြစ်စဉ်တစ်ခုလို့ ဆိုကြသလို ရှေးဟောင်းအင်ဂျင်နီယာတွေရဲ့ ပါးနပ်လိမ္မာတဲ့ ဖန်တီးမှုတစ်ခုလို့လည်း ဆိုကြပါတယ်။ မာယာလူမျိုးတွေရဲ့ ပိရမစ်တစ်ခုအပါအဝင် ကမ္ဘာတစ်လွှားက တခြားနေရာတွေမှာလည်း အဲဒီလို ထူးခြားတဲ့အသံဖြစ်စဉ် ကြုံရတဲ့နေရာတွေ ရှိပါသတဲ့။

Ref: The Centre of Universe, Tulsa

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply