ညီမအငယ်ဆုံးလေးကို ခေါ်ပြီး ပွဲတက်ခဲ့တဲ့ ဆယ်လီနာ ဂိုမက်ဇ်

11-1-2023-yyl-93.jpg

အဆိုတော်မင်းသမီးချောလေး ဆယ်လီနာဂိုမက်ဇ်ကတော့ ၂၀၂၃ ခုနှစ်ရဲ့ရွှေကမ္ဘာလုံးဆုပေးပွဲကို အသက် ၉ နှစ်အရွယ် သူ့ညီမအငယ်ဆုံးလေး ဂရေဆီ အီလီရော့ တီဖီရ်နဲ့အတူ တက်ရောက်ခဲ့တာပါ။ အနီရောင်လျှောက်လမ်းထက်မှာ သူတို့ညီမနှစ်ယောက်လုံး ချစ်စရာကောင်းပြီး လှပလို့နေပါတယ်။

ဆယ်လီနာက ဆံပင်ကို မြှောက်စည်းထားပြီး ခရမ်းရောင်ဖောင်းပွလက်ပါတဲ့ ကတ္တီပါသားအနက်ရောင်ဂါဝန်ကို ဝတ်ဆင်ထားပါတယ်။ညီမဖြစ်သူက တလက်လက်တောက်ပနေတဲ့ ဂါဝန်ကို ဝတ်ဆင်ထားတဲ့အပြင် ဂါဝန်နဲ့လိုက်ဖက်တဲ့ အိတ်ကိုလည်း ကိုင်ထားပါတယ်။ အဲဒီအိတ်က လူအများရဲ့အာရုံကို ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။ ကျောက်တွေပါတဲ့ Prada Cleo အိတ်ဖြစ်ပြီး Prada ဝဘ်ဆိုက်မှာ အိတ်ရဲ့တန်ဖိုးက ဒေါ်လာ ၃၉၀၀ ဖြစ်ပါတယ်။

ညီမနှစ်ယောက်အတူတူပွဲတတ်တာက ဒါဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ အနီရောင်လျှောက်လမ်းထက် သူတို့နှစ်ယောက်ရဲ့ချစ်စရာအခိုက်အတန့်တွေကို အရင်က မျှဝေခဲ့ဖူးပါတယ်။ ၂၀၁၉ ခုနှစ်က ဂရေဆီဟာ Frozen 2 အထူးပြပွဲကိုလည်း အစ်မဖြစ်သူဆယ်လီနာနဲ့အတူ တက်ရောက်ခဲ့ပါသေးတယ်။

ဆယ်လီနာနဲ့ဂရေဆီတို့က အမေတူအဖေကွဲညီအစ်မတွေပါ။ အမေဖြစ်သူ မန်ဒီ တီဖီက ဂရေဆီကို ၂၀၁၃ ခုနှစ်မှာ မွေးဖွားခဲ့တာပါ။

Ref: Selena Gomez Brings Little Sister as Her Golden Globes Date — and She’s Carrying a $4K Prada Purse

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top