ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း ဂျပန်နိုင်ငံမှာ ခေတ်စားလာတဲ့ ဟိုတယ်တွေကတော့ Capsule hotel လို့ အမည်ရပါတယ်။ အခန်းငယ်လေးတွေကို စီစီရီရီ ဖွဲ့ထားပုံက နကျယ်အိမ်လိုပါပဲ။ ဟိုတယ်ခန်းတွေက ကျဉ်းမြောင်းပေမဲ့ ရေချိုးခန်း၊ အိမ်သာ ပါဝင်ပြီး ဝိုင်ဖိုင်လည်း တပ်ဆင်ပေးထားပါတယ်။ ခေတ်မီ အသုံးအဆောင်ပစ္စည်းတွေ တပ်ဆင်ထားပြီး ရေနွေးရေချိုးခန်း၊ Spa လည်း ရှိပါတယ်။ တည်းခိုခကတော့ တစ်ညကို ယန်း ၃၀၀၀ ( မြန်မာငွေ ၅၀၀၀၀) ကနေ ၅၀၀၀ ကြား ကုန်ကျမှာပါ။
NZ ( ရိုးရာလေး)