၈ လွှာတိုက်ခန်း ပြတင်းပေါက်ကနေ ပြုတ်ကျလုဆဲဆဲဖြစ်နေတဲ့ ကလေးငယ်ကို အမျိုးသားတစ်ဦးက အသက်စွန့်ကယ်တင်ခဲ့ပါတယ်။ သူ့အမေ ဈေးသွားတုန်း ကလေးငယ်က ခုံတွေပေါ်ကတစ်ဆင့် ပြတင်းပေါက်ပေါ် တွယ်တက်ခဲ့တာပါ။
ဆာဘစ်လို့ အမည်ရတဲ့ အမျိုးသားက အလုပ်သွားဖို့ အဲ့နားကနေ ဖြတ်လာရင်း ပြတင်းပေါက်ကနေ ကလေးငယ် ပြုတ်ကျတော့မလို ဖြစ်နေတာ တွေ့သွားခဲ့တာပါ။ ဒါနဲ့ပဲ သူက တိုက်ခန်းပေါ် ပြေးတက်သွားပြီး ၇ လွှာတိုက်ခန်း (ကလေးငယ်ရဲ့ အောက်ထပ်အခန်း)ကို တံခါးခေါက်ခဲ့ပါတယ်။
” အဲဒီအချိန်မှာ စိတ်ထဲ ဘာမှ မတွေးမိဘူး။ ကလေးငယ်ကို ကူညီပေးချင်တာပဲ သိတယ်။ ပြီးတော့ ကျွန်တော် အလုပ်သွားတယ်။ လူမှုကွန်ရက်မှာတော့ ကျွန်တော့်ကို သူရဲကောင်းလို့ ခေါ်နေကြပြီ။ ဒါပေမဲ့ ကျွန်တော်ကတော့ သူရဲကောင်းလို့ မခံယူပါဘူး။ အဲဒီလို အခြေအနေမျိုးမှာ ဘယ်သူ့ကိုမဆို ကူညီပေးရမှာပါပဲ” လို့ ဆာဘစ်က ပြောပါတယ်။
ဆာဘစ်ဟာ ကလေးငယ်ကို ကယ်ပေးခဲ့တဲ့လုပ်ရပ်ကြောင့် အိပ်ခန်း ၃ ခန်းပါ တိုက်ခန်းတစ်ခန်း ဂုဏ်ပြုချီးမြှင့်ခံခဲ့ရတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။ တိုက်ခန်းပိုင်ဆိုင်ခွင့်ရပြီဖြစ်လို့ ဆာဘစ်ဟာ သူ့ရဲ့ကလေး ၄ ယောက်ကို သူရှိရာ မြို့ဆီ ခေါ်နိုင်တော့မှာပါ။ ဒီဖြစ်ရပ်ကတော့ ၂၀၂၂ ခုနှစ် မေလက ကာဇက်စတန်နိုင်ငံမှာ ဖြစ်ခဲ့တာပါ။
Ref: Man Climbs Out Of 8th Floor Apartment Window To Catch Toddler Hanging From Window
NZ (ရိုးရာလေး)