တရုတ်နိုင်ငံကလို့ ယူဆရတဲ့ ကင်းထောက်မိုးပျံပူဖောင်းက အမေရိကန်ရဲ့ ထိလွယ်ရှလွယ် နေရာတွေပေါ်ကနေ ပျံသန်းနေ

3.2.2023-image-3.jpg

တရုတ်နိုင်ငံကလို့ ယူဆရတဲ့ ကင်းထောက်မိုးပျံပူဖောင်းတစ်လုံး ထိလွယ်ရှလွယ်နေရာတွေအပေါ်ကနေ ဖြတ်ကျော်ပျံသန်းနေတာကို အမေရိကန်ကာကွယ်ရေးအရာရှိတွေက ခြေရာခံစောင့်ကြည့်နေပါတယ်။ မိုးပျံပူဖောင်းကို အခုနောက်ဆုံး မြင်တွေ့လိုက်ရတာကတော့ အမေရိကန်အနောက်ပိုင်း မွန်တားနားပြည်နယ်မှာပါ။

လူဦးရေနည်းပါးတဲ့ မွန်တားနားပြည်နယ်ဟာ အမေရိကန်နိုင်ငံရဲ့ နျူကလီးယားဒုံးကျည်လွှတ်တင်ရေး မြေအောက်စခန်း ၃ ခုအနက် ၁ ခု ဖြစ်ပါတယ်။ ကင်းထောက်မိုးပျံပူဖောင်းက သတင်းအချက်အလက်တွေ ရယူစုဆောင်းဖို့ ထိလွယ်၊ ရှလွယ်နေရာတွေပေါ်ကနေ ဖြတ်ကျော်ပျံသန်းနေတာလို့ အမေရိကန်ကာကွယ်ရေးအရာရှိတွေက ပြောပါတယ်။
မိုးပျံပူဖောင်းကို ပစ်ချလိုက်ရင် မြေပြင်ပေါ်က လူတွေပေါ် အပျက်အစီး အပိုင်းအစတွေ ပြုတ်ကျလာနိုင်တဲ့အတွက် ပစ်မချတာလို့ ဆိုပါတယ်။ ဒါပေမဲ့ မိုးပျံပူဖောင်းကို ပစ်ချဖို့ အိမ်ဖြူတော်က အမိန့်ပေးရင် အသင့်ဖြစ်ဖို့ F-22 တွေအပါအဝင် တိုက်လေယာဉ်တွေ ပြင်ဆင်ထားတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောပါတယ်။

မိုးပျံပူဖောင်း ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ကို ခြေရာခံစောင့်ကြည့်နေနိုင်တာကြောင့် အမေရိကန်နိုင်ငံရဲ့ ထောက်လှမ်းရေးကို သိသိသာသာ ခြိမ်းခြောက်နိုင်စွမ်းမရှိဘူးလို့ သူက ဆိုပါတယ်။ ဒါ့အပြင် မိုးပျံပူဖောင်းက အလွန်မြင့်မားစွာ ပျံသန်းနေတဲ့အတွက် လေကြောင်းလိုင်းတွေကိုလည်း ခြိမ်းခြောက်နိုင်စွမ်း မရှိဘူးလို့ ဆိုပါတယ်။

Ref: US tracking suspected Chinese surveillance balloon

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top