အလွန်အေးတဲ့ ရေခဲပြင်တွေကြားမှာ နေထိုင်ဖို့ ပင်ဂွင်းတွေရဲ့အဓိကလျှို့ဝှက်ချက်က သူတို့ရဲ့ထူထဲတဲ့ အရေပြားပါပဲ။ ပင်ဂွင်းတွေရဲ့ အရေပြားဟာ ၁ စင်တီမီတာကျော် ထူထဲလို့ အပူဓာတ်ကို ထိန်းထားနိုင်စွမ်းရှိပြီး ခန္ဓာကိုယ်အပူချိန် တသမှတ်တည်းဖြစ်စေပါတယ်။
ခြေထောက်အရေပြားဆိုရင် ၂ စင်တီမီတာတောင် ထူထဲပြီး သူတို့ရဲ့ခြေဖဝါးတွေကို ရေခဲပြင်ရဲ့အအေးဒဏ်ကနေ ကောင်းကောင်းကာကွယ်ပေးနိုင်ပါတယ်။ ထူထဲတဲ့ ခြေထောက်အရေပြားက ခြေဖဝါးအတွက် ကူရှင်တစ်ခု ခံပေးထားသလို ဖြစ်စေတာပါ။
Ref: Earth Unreal- Penguin’sSkin
NZ (ရိုးရာလေး)