ယေရူခရစ်ရုပ်တု မိုးကြိုးထိမှန်ပုံကို ဓာတ်ပုံဆရာက အမိအရ ရိုက်ကူး

13.2.2023-yyl-image-10.jpg

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ ကော်ကိုဗာဒိုတောင်ထိပ်ပေါ်မှာ တည်ထားတဲ့ ကမ္ဘာ့အကြီးဆုံး ယေရူခရစ်ရုပ်တု မိုးကြိုးပစ်ခံရတဲ့ပုံကို စပိန်ဓာတ်ပုံဆရာ ဖာနန်ဒိုဘရာဂါက ချိန်သားကိုက် ရိုက်ကူးနိုင်ခဲ့တာပါ။ ဖာနန်ဒိုဘရာဂါက ဖေဖော်ဝါရီလ ၁၀ ရက်မှာ ရိုက်ကူးခဲ့ပြီး အင်စတာဂရမ်ပေါ် တင်ခဲ့တာ ဖြစ်ပါတယ်။

ကွန်ကရစ်တန်ချိန် ၇၀၀ နဲ့ ဖန်တီးထားပြီး အမြင့်ပေ ၂၀၀၀ ကျော်မှာရှိတဲ့ Christ the Redeemer ရုပ်တုဟာ ကမ္ဘာ့အံ့ဘွယ် ၇ ပါးထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ယခင်ကလည်း Christ the Redeemer ရုပ်တုဟာ မိုးကြိုးထိမှန်ခဲ့ဖူးပြီး ၂၀၁၄ ခုနှစ်က မိုးကြိုးကြောင့် ရုပ်တုရဲ့လက်မပျက်စီးသွားလို့ ပြင်ဆင်မွမ်းမံခဲ့ရပါတယ်။

Ref: Photographer Captures The Exact Moment Lightning Strikes ‘Christ The Redeemer’ Statue

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top