အင်အားပြင်းငလျင်လှုပ်ပြီး ၈ ရက်ကြာပေမဲ့ အပျက်အစီးတွေကြားကနေ အသံတွေကြားနေရဆဲပဲလို့ ကယ်ဆယ်ရေးအဖွဲ့တွေ ဆို

15.2.2023-image-10.jpg

ပြင်းအား ၇.၈ မဂ္ဂနီကျူ့စ် အင်အားပြင်းငလျင် လှုပ်ခတ်တာ သီတင်းပတ် တစ်ပတ်ကျော် ကြာပြီဖြစ်ပေမဲ့ အပျက်အစီးတွေကြားကနေ အသံတွေ ကြားနေရဆဲဖြစ်တယ်လို့ တူရကီတောင်ပိုင်း ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဒါဟာ နောက်ထပ်အသက်ရှင် ကျန်ရစ်သူတွေကို ကယ်တင်နိုင်ဖွယ်ရှိတယ်ဆိုတဲ့ မျှော်လင့်ချက်ရှိလာစေပါတယ်။

ခါရာမန်ရာရက်စ်ဒေသမှာ အပျက်အစီးတွေကြား ပိတ်မိနေဖွယ်ရှိတဲ့ ညီအစ်မ ၃ ယောက်ကို ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်တင်ဖို့ ကြိုးစားနေပါတယ်။ အပျက်အစီးတွေအောက်မှာ ၂၀၅ နာရီဝန်းကျင် ပိတ်မိနေတဲ့ ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကိုလည်း အဲဒီဒေသမှာပဲ ကယ်ဆယ်ရေးအဖွဲ့က ကယ်တင်နိုင်ခဲ့ပါတယ်။

တူရကီနိုင်ငံတောင်ပိုင်း ဟာတေးခရိုင်မှာလည်း အပျက်အစီးတွေကြား ပိတ်မိနေတဲ့ အမျိုးသမီးတစ်ယောက်ကို ယူကရိန်းကယ်ဆယ်ရေးအဖွဲ့က ကယ်တင်နိုင်ခဲ့ပါတယ်။
တူရကီ- ဆီးရီးယားနယ်စပ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် တူရကီနဲ့ ဆီးရီးယားနိုင်ငံတွေမှာ သေဆုံးသူ ၄၁၂၀၀ ကျော် ရှိခဲ့ပါတယ်။

Ref: Turkey rescuers say voices are still being heard under the rubble

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top