၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် မြန်မာငွေ ၁၅၀ ဝန်းကျင် ဈေးတက်ရောင်းရလို့ ဂျပန်ရေခဲမုန့်ကုမ္ပဏီ စားသုံးသူတွေကို တောင်းပန်

3.3.2023-yyl-iamge-17.jpg

၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် ယန်း ၁၀ ( မြန်မာငွေ ၁၅၀ ဝန်းကျင်) ဈေးတက်မိလို့ ဂျပန်နိုင်ငံရဲ့ နာမည်ကျော် ရေခဲမုန့်ကုမ္ပဏီက စားသုံးသူတွေကို နိုင်ငံပိုင်ရုပ်သံလိုင်းကနေ ပြန်တောင်းပန်ခဲ့ဖူးပါတယ်။ ကျောင်းသား/သူ ဖောက်သည်သန်းချီရှိတဲ့ Akagi Nyugyo ရေခဲမုန့်ကုမ္ပဏီဟာ ရေခဲမုန့်တစ်ခုကို ယန်း ၆၀ ရောင်းချရာကနေ ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ယန်း ၇၀ အဖြစ် ဈေးတိုးမြှင့်ခဲ့တာပါ။
ဒါဟာ ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် ဈေးတက်တာဖြစ်ပေမဲ့ Akagi Nyugyo ကုမ္ပဏီက ဂျပန်နိုင်ငံပိုင် ရုပ်သံလိုင်းမှာ တောင်းပန်ကြောင်း ကြော်ငြာထည့်ခဲ့ပါတယ်။ ကုန်ဈေးနှုန်းမြင့်တက်လာပြီး ငွေတန်ဖိုး ကျလာလို့ မဖြစ်မနေ ဈေးတက်ခဲ့ရတာဖြစ်ကြောင်းလည်း ရှင်းပြခဲ့ပါတယ်။

အဲဒီကြော်ငြာဗီဒီယိုမှာ ကုမ္ပဏီအကြီးအကဲတွေနဲ့ ဝန်ထမ်းတွေက ညိုးငယ်တဲ့ မျက်နှာနဲ့ စားသုံးသူတွေကိုလည်း ဦးညွှတ်တောင်းပန်ခဲ့တာ တွေ့ရပါတယ်။ Akagi Nyugyo ကုမ္ပဏီဟာ ၁၉၉၁ ခုနှစ်က နောက်ဆုံးအကြိမ် ဈေးတက်ခဲ့တာဖြစ်ပြီး အဲဒီတုန်းကလည်း ဂျပန်သတင်းစာကနေ စားသုံးသူတွေကို တောင်းပန်တဲ့ကြော်ငြာ ထည့်ခဲ့ဖူးပါတယ်။

ဒုတိယကမ္ဘာစစ်ကြောင့် ပြာပုံဘဝရောက်ခဲ့ရာကနေ အချိန်တိုအတွင်း ကမ္ဘာ့ဖွံ့ဖြိုးပြီး နိုင်ငံအဖြစ် ပြန်တည်ဆောက်နိုင်ခဲ့တဲ့ ဂျပန်တွေဆီမှာ အတုယူစရာတွေ အများကြီးရှိတဲ့အနက် စားသုံးသူတွေကို အလေးအနက်ထားတဲ့ အမူအကျင့်ကလည်း အတုယူစရာတစ်ခုပါပဲ။

Ref: Japan dessert firm Akagi Nyugyo offers apology for 12-cent ice cream price hike

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top