မွေးကင်းစမှာ ၁ ပေါင် ၁ အောင်စပဲရှိလို့ ဆရာဝန်တွေ အသက်မရှင်ဘူးလို့ ထင်ခဲ့တဲ့ကလေး ၄ လသားအရွယ် ရောက်ပြီ

3.3.2023-yyl-iamge-18.jpg

သတ်မှတ်ရက်ထက် ၃ လအချိန်စောမွေးဖွားခဲ့ပြီး မွေးကင်းစ ခန္ဓာကိုယ်အလေးချိန် ၁ ပေါင်၊ ၁ အောင်စပဲ ရှိခဲ့လို့ ဆရာဝန်တွေက အသက်ရှင်မှာ မဟုတ်ဘူးလို့ ခန့်မှန်းခဲ့ကြတဲ့ ကလေးငယ်ဟာ အခုချိန်မှာတော့ ကျန်းမာသန်စွမ်းတဲ့ ၄ လသားအရွယ် ဖြစ်လာခဲ့ပါပြီ။

ဆာနီယာဟာ အသက် ၁၉ နှစ်အရွယ်မှာ ကိုယ်ဝန်ရခဲ့တာဖြစ်ပြီး ကိုယ်ဝန်ဆောင်ချိန် ၂၆ ပတ်အကြာမှာ ကလေးမွေးခဲ့တာပါ။ ဒါဟာ သတ်မှတ်ရက်ထက် ၁၄ ပတ် စောမွေးခဲ့တာ ဖြစ်ပါတယ်။
” ရင်သွေးလေး ကျန်းမာအောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သူ အသက်ရှင်မှာ မဟုတ်ဘူးဆိုတဲ့ စကား ကြားလိုက်ရတော့ ငိုမိတယ်ဒဒ လို့ ဆာနီယာက ဆိုပါတယ်။

ကေဒင်ဟာ မွေးမွေးချင်း ခန္ဓာကိုယ်အရွယ်အစား အလွန်သေးငယ်နေခဲ့ပြီး အထူးကြပ်မတ်ကုသဆောင်မှာ ၆၅ ရက်ကြာ ကုသမှု ခံယူခဲ့ရပါတယ်။ ခန္ဓာကိုယ်အလေးချိန် ၄ ပေါင် ၈ အောင်စအရွယ် ရှိလာချိန်မှာတော့ အထူးကြပ်မတ်ကုသဆောင်ကနေ ဆင်းခွင့်ရခဲ့ပြီး ကျန်းမာရေး ဒေါင်ဒေါင်မြည်တဲ့ လေးလသား ဖြစ်နေပါပြီ။

Ref: Micro-Preemie Born at 1lb-11oz is Now Thriving After Mom was Told He Would Not Survive: ‘He’s Defied the Odds’

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top