NFTs တွေ ရောင်းချရာကနေ ပေါင်သိန်းချီ ကြွယ်ဝလာတဲ့ ၁၂ နှစ်အရွယ် ကျောင်းသားလေး

3-3-2022-yyl24.jpg

၁၂ နှစ်အရွယ် ကျောင်းသားလေးဟာ အစားထိုးမရတဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှု ( NFTs) တွေ ရောင်းချရာကနေ လပိုင်းအတွင်း ပေါင် ၇၅၀,၀၀၀ ရရှိခဲ့ပါတယ်။ ဘင်ယာမင်အာမတ်လို့ အမည်ရတဲ့ ကျောင်းသားလေးဟာ ၅ နှစ်သားအရွယ်ကတည်းက ဖခင်ဖြစ်သူထံကနေ ကုဒ်ရေးနည်းတွေ သင်ယူခဲ့သူပါ။

ပြီးခဲ့တဲ့နှစ်မှာတော့ ဘင်ယာမင်အာမတ်က ဝေလငါးပုံစံ NFTs တွေ ဖန်တီးခဲ့ပါတယ်။ သူ့ရဲ့ဖန်တီးမှုတွေကို ရောင်းချရာကနေ ပေါင် ၁၁၀,၀၀၀ ရရှိခဲ့ပြီး တခြားကဏ္ဍတွေကနေ ရတဲ့ ဝင်ငွေပါ ပေါင်းလိုက်ရင် လပိုင်းအတွင်း ပေါင် ၇၅၀,၀၀၀ အထိ ချမ်းသာလာခဲ့တာပါ။ သူ ဖန်တီးထားတဲ့ NFTs တွေကို ရောင်းဝယ်နေကြတဲ့ ငွေကြေးပမာဏက ပေါင် ၅ သန်းကျော်အထိ ရှိနေပါပြီ။

ဒါပေမဲ့ ဘင်ယာမင်က ဘဏ်အကောင့်မရှိပါဘူး။ သူ့ရဲ့ကြွယ်ဝမှုကို Ethereum လို့ ခေါ်တဲ့ ဒီဂျစ်တယ်ငွေကြေးနဲ့ပဲ တွက်ချက်တာပါ။ တချို့တွေကတော့ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ရင်းထားတဲ့ငွေကြေးကို ပြန်မထုတ်နိုင်ဖို့ Ethereum ဒီဂျစ်တယ်ငွေကြေးက တန်ဖိုးမဲ့သွားနိုင်တယ်လို့ ဆိုကြပါတယ်။ NFTs နဲ့ပတ်သက်ပြီး အောက်စဖို့ဒ်တက္ကသိုလ်မှာ စာပို့ချနေတဲ့ ဘင်ယာမင်ကတော့ Ethereum ဒီဂျစ်တယ်ငွေကြေးဟာ ငွေကြေးရဲ့အနာဂတ်ဖြစ်တယ်လို့ မှတ်ချက်ပေးထားပါတယ်။

Ref: Dailymail “Schoolboy, 12, makes £750,000 selling NFTs: “

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top