အိန္ဒိယရဲ့အသက်အငယ်ဆုံးစီးပွားဖြစ်လေယာဉ်မှူး

23.6.2023-yyl-1.jpg

ပါဝါနိုမြို့လေးမှာ မွေးဖွားခဲ့တဲ့ ဆာခ်ရှီ ကိုချ်ဟာဆိုတဲ့ ၁၈ နှစ်အရွယ် ကောင်မလေးက အိန္ဒိယရဲ့အသက်အငယ်ဆုံးစီးပွားဖြစ်လေယာဉ်မှူးပါ။ ဆာခ်ရှီက ပါဝါနိုမြို့လေးမှာပဲ မူလတန်းပြီးခဲ့တာပါ။ ဟီမာချယ် ပရာဒက်ရှ်ပြည်နယ်မှာ အထက်တန်းတက်ခဲ့ပြီး အဲဒီကတည်းက လေယာဉ်မောင်းတာကို စိတ်ဝင်စားလာခဲ့တာပါ။

ဆာခ်ရှီက လေယာဉ်မှူးဖြစ်ချင်တဲ့အတွက် ၁၂ တန်းမှာ ရူပဗေဒနဲ့ သင်္ချာဘာသာရပ်တွေနဲ့အတူ သိပ္ပံကို ရွေးချယ်ခဲ့တယ်။ သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ စီးပွားဖြစ်လေယာဉ်မှူးသင်တန်းအတွက် မွမ်ဘိုင်းက Skyline Aviation Club ထဲ ဝင်ခဲ့တာပါ။ ၄ လကြာ ကနဦးသီအိုရီလေ့ကျင့်မှုပြီးမြောက်ပြီးနောက် လေကြောင်းကလပ်က သူ့ကို အမေရိကမှာ သူတို့သတ်မှတ်ထားတဲ့ လေ့ကျင့်ရေးစင်တာနဲ့ အဆင်မြင့်ပျံသန်းလေ့ကျင့်မှုပြုလုပ်ခိုင်းခဲ့တယ်။

ဆာခ်ရှီက လေယာဉ်မှူးဖြစ်အောင် လေ့ကျင့်ဖို့ အမေရိကန်ကို သွားရောက်ခဲ့ပါတယ်။ ၇ လခွဲအတွင်း သူ့ရဲ့ရည်မှန်းချက်အောင်မြင်ခဲ့ပါတယ်။ သူ့ရဲ့ အသက် ၁၈ နှစ်ပြည့်မွေးနေ့နဲ့တိုက်ဆိုင်စွာ စီးပွားဖြစ်လေယာဉ်မှူးလိုင်စင်ကို ရရှိခဲ့ပြီး အိန္ဒိယရဲ့အသက်အငယ်ဆုံးစီးပွားဖြစ်လေယာဉ်မှူးဖြစ်လာခဲ့တာပါ။
စီးပွားဖြစ်လေယာဉ်မှူးလိုင်စင်ရဖို့က ပိုက်ဆံအတော်လေးကုန်ပါတယ်။ သူဟာ ရူပီး ၇ သန်းဝန်းကျင်သုံးခဲ့ရပါတယ်။ သူ့မိသားစုက သူ့ကို အပြည့်အဝတောက်ပံ့ပေးခဲ့တာပါ။ သူ အလုပ်ရတဲ့အခါ သူ့မိဘတွေကို ငွေတွေပြန်ပေးမယ်လို့ ဆာခ်ရှီက ဆိုပါတယ်။

အရင်က အိန္ဒိယရဲ့အသက်အငယ်ဆုံးစီးပွားဖြစ်လေယာဉ်မှူးကတော့ စူရတ်မြို့ရှိ လယ်သမားတစ်ဦးရဲ့သမီးဖြစ်သူ အသက် ၁၉ နှစ်အရွယ် မိုင်ထရီ ပါတီဆိုတဲ့ ကောင်မလေးပါ။

Ref: Meet youngest Indian to get commercial pilot licence

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top