လက်ဆွဲပုံးနဲ့စွန့်ပစ်ခံခဲ့ရတဲ့ ခွေးလေး အနံ့ခံရှာဖွေစစ်ဆေးပေးတဲ့ရဲခွေးဖြစ်လာ

22-12-2020-yyl12.jpg

စွန့်ပစ်ခံခဲ့ရတဲ့ ခွေးလေးတစ်ကောင်ကတော့ ရဲခွေးဖြစ်လာခဲ့ပါပြီ။ ဘတ်ဂျာဆိုတဲ့ အဲဒီခွေးလေးကို ၂၀၁၉ခုနှစ် ဇူလိုင်လက ဥယျာဉ်တစ်ခုထဲမှာ လက်ဆွဲပုံးလေးနဲ့ စွန့်ပစ်ခံထားရတာကို တွေ့ရှိခဲ့ရတာပါ။ သနားစရာခွေးလေးဘတ်ဂျာဟာ ပြင်းပြင်းထန်ထန်ထိခိုက်ခံထားရပြီး ရောဂါပိုးလည်း ကူးစက်ခံထားရပါတယ်။ အလွန်အမင်းအာဟာရချို့တဲ့နေပြီး ပိန်လည်းပိန်နေခဲ့ပါတယ်။ အဲဒီခွေးလေးကို Royal Society for the Prevention of Cruelty to Animals တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးစင်တာက ကယ်တင်ထားခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက သူတို့ကယ်တင်ခဲ့တာ ဘတ်ဂျာတစ်ကောင်တည်းတင်မဟုတ်ပါဘူး။ အခြားခွေးတွေကိုလည်း ကယ်တင်ပေးခဲ့တာပါ။ ဘတ်ဂျာအပါအဝင် ခွေးလေးတွေကို ရက်တော်တော်ကြာ ကုသပေးခဲ့ပြီးတဲ့နောက် Stranger Things ထဲက ဇာတ်ကောင်နာမည်တွေဖြစ်တဲ့ အီလ်၊ လူးကပ်စ်၊ မိုက်ခ် လို့ အမည်ပေးခဲ့ကြပါတယ်။ အစက ဘတ်ဂျာကို ဒတ်စ်တင် လို့ အမည်ပေးခဲ့တာပါ။ နောက်ပိုင်းမှာ ဘတ်ဂျာလို့ အမည်ပြောင်းလဲပေးခဲ့တာဖြစ်ပါတယ်။ ဘတ်ဂျာကလွဲပြီး အခြားခွေးလေးတွေကတော့ မွေးစားတဲ့သခင်တွေရဲ့အိမ်မှာ ကောင်းကောင်းနေခဲ့ရပါတယ်။ ဘတ်ဂျာကို မွေးစားခဲ့ပေမဲ့ နောက်ပိုင်းမှာ စင်တာကိုပဲ ပြန်ရောက်လာခဲ့တာပါ။

စင်တာက ဘတ်ဂျာကို တင်းနစ်ဘောရှာဖွေတတ်အောင် သင်ပေးခဲ့ပါတယ်။ သူနဲ့အတူ အနံ့ခံရှာဖွေရတဲ့ ဂိမ်းတွေကို ကစားပေးခဲ့ပါတယ်။ ဘတ်ဂျာက တစ်ခုခုဆို အနံ့ခံပြီး ရှာဖွေရတာကြိုက်ပြီး ရှာဖွေတာတော်တဲ့အတွက် စင်တာက ရဲခွေးအနေနဲ့ ခေါ်ဖို့အတွက် ရဲတပ်ဖွဲ့ကို ဆက်သွယ်ခဲ့ပါတယ်။ အဲဒီလိုနဲ့ လွန်ခဲ့တဲ့ (၆) လက ဘတ်ဂျာဟာ the Surrey and Sussex Police Dogရဲ့ လေ့ကျင့်ရေးပရိုဂရမ်မှာ ပါဝင်ခဲ့ပြီး အနံ့ခံခွေးအနေနဲ့ အရည်အချင်းပြည့်မီခဲ့ပါတယ်။ ခွေးလေးက သူ့ကို ဘတ်ဂျာလို့ အမည်ပေးခဲ့တဲ့ ရဲတပ်သားစတီချ် ဘာရတ် (Steph Barrett) နဲ့ အလုပ်တူတူတွဲလုပ်ခဲ့ရပြီး အခုဆိုရင် ဘတ်ဂျာက မူးယစ်ဆေးဝါး၊ လက်နက်နဲ့ငွေသားတွေကို အနံ့ခံရှာဖွေပေးနေရပါပြီ။

ဘတ်ဂျာ စွန့်ပစ်ခံခဲ့ရတဲ့အကြောင်းကို ကြားတဲ့အခါမှာ စိတ်မကောင်းဖြစ်ခဲ့ရပြီး သူ့ကို အခွင့်အရေးပေးခဲ့တဲ့အတွက် တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးစင်တာကို ကျေးဇူးတင်တယ်လို့ ရဲတပ်သားစတီချ်က ပြောပါတယ်။ ဘတ်ဂျာက လေ့ကျင့်သင်ကြားမှုတွေလုပ်ပြီးတဲ့နောက်မှာ လူသားတွေရဲ့ယုံကြည့်မှုကို ရရှိခဲ့တာပါ။ အနံံ့ခံရှာဖွေရတဲ့အလုပ်ကိုလည်း တော်တော်လေးလုပ်နိုင်ပြီး သူ့ကို တစ်နေ့လုံး ပြုံးနေအောင် လုပ်ပေးနိုင်တယ်လို့ စတီချ်က ဆိုပါတယ်။ ဘတ်ဂျာက ငွေသားတွေနဲ့ မူးယစ်ဆေးရှာဖွေတာ၊ ဘုရားကျောင်းရဲ့မြေကြီးအတွင်း မြှုပ်ထားတဲ့ ဖုန်းကို ရှာဖွေတာအပါအဝင် ရှာဖွေမှုတော်တော်များများကို လုပ်ပြီးသွားခဲ့ပြီလို့ သိရပါတယ်။

Ref: Ladbible “Spaniel Puppy Found Dumped In A Bucket Becomes Police Sniffer Dog”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top