အပတ်စဉ်ဗေဒင် ဟောစာတမ်းကဏ္ဍ (၂၁-၁၀-၂၀၁၈ မှ ၂၇-၁၀-၂၀၁၈ ရက်နေ့အထိ)

Bay-Din-4-Week-4-October.jpg

အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

(၂၁-၁၀-၂၀၁၈ မှ ၂၇-၁၀-၂၀၁၈) ရက်နေ့အထိ ခုနစ်ရက်စာ တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

ယခုအပတ်အတွင်း တနင်္ဂနွေသားသမီးတို့သည် ယခင်အချိန်က လုပ်ကိုင်ခဲ့သော လုပ်ငန်းဟောင်းမှ အမြတ်အစွန်းများ ပြန်ရမည်။ လုံးဝဆုံးရှုံးပြီထင်ထားသော လုပ်ငန်းဆိုင်ရာငွေကြေးများ ပြန်ရမည်။ အဝေးမှ မိသားစုဝင်တို့ ပြန်လာလိမ့်မည်။ ချစ်သူဟောင်းထံမှ ချစ်အဖြေကောင်းရမည်။ လက်ထပ်ရန်သဘောတူသည့်သတင်းကြားရမည်။ အိမ်ထောင်သည်များ စိတ်ချမ်းသာမည်။ အလုပ်ကိစ္စများနှင့် ခရီးဝေးထွက်ရမည်။ စီးပွားရေးလုပ်ငန်းတွင် ပြိုင်ဆိုင်ခဲ့ခြင်းများ အောင်မြင်လိမ့်မည်။ အခက်အခဲ အထစ်အငေါ့ များပြေပျောက်မည်။ ကျန်းမာရေးအနေဖြင့် သာမန်နှာစေး၊ ချောင်းဆိုဖြစ်မည်။ ဝန်ထမ်းများ ရာထူးဆိုင်ရာသင်တန်းသွားရတတ်သည်။

အကျိုးပေးဂဏန်း – ၀ ၊ ၁ ၊ ၂။ ယတြာ – အုန်းသီး (၆) စိတ် ဘုရားတွင် လှူလိုက်ပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသားသမီးတို့သည် သင်၏ စေ့စပ်သေချာသော ဆုံးဖြတ်ချက်ကြောင့် အောင်မြင်မှုများ ရရှိလာမည်။ အစုအစပ်လုပ်ကိုင်ရသော စီးပွားရေးလုပ်ငန်းဖြင့် အောင်မြင်မည်။ ကျန်းမာရေးအနေနှင့် ဦးခေါင်းသတိထားပါ။ အချစ်ရေးအတွက် အပေးအယူတစ်ခုလုပ်ရလိမ့်မည်။ သို့မှလက်ထပ်ရန်အဆင်ပြေမည်။ အိမ်ထောင်သည်များ ငွေကြေးကို အကြောင်းပြုပြီး အားမငယ်ပါနှင့် အရာရာ ကိုရင်ဆိုင်လိုက်ပါ။ ဝမ်းသာပီတိ ရလောက်အောင် စိတ်ချမ်းသာစွာ အောင်မြင်မှာ ဖြစ်ပါတယ်။ ကျောက်မျက်ရတနာကုန်သည်များ ခရီးယာယီသွားရမည်။ ကား၊ စက်တို့ရမည်။ မြေ အဝင်အထွက် ရှိမည်။ ဘယ်ဘက်ခြေထောက် ထိခိုက်မိတတ်သည်။ ဝန်ထမ်းများ ကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၂ ၊ ၄ ၊ ၃။ ယတြာ–ငှက်များကို အစာကျွေးပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါသားသမီးတို့သည် လုပ်ငန်းတိုင်းလိုလိုအဆင်မပြေသည်ကများနေမည်။အခက်အခဲတွေ တွေ ကြုံရမည်။ မလိုသူများနေသောကာလတစ်ခုဖြစ်သည်။ စီးပွားရေးတွင် လုပ်ငန်းတူတို့၏ ရန်တွေ့မည်။ အချစ်ရေးတွင် မိန်းကလေးတစ်ယောက်ကို အကြောင်းပြုပြီး နာမည်ပျက်တတ်သည်။ အမျိုးသမီးများလည်း အမျိုးသားတစ်ယောက်ကြောင့် နာမည်ပျက်တတ်သည်။ ဘာသာရေးနှင့်ဆိုင်သောခရီးဝေး သွားရောက်ရပါက ကံကောင်းမည်။ မြေ၊ယာ တို့ဝင်ခြင်း ဖြစ်မည်။ ငွေကြေးကိုအာမခံထားပါက ထိုကိစ္စအတွက် တရားရုံးတွင်စကားပြောရ တတ်သည်။ ညာဘက်လက်တစ်ဖက် နာကျင် ကိုက်ခဲခြင်းဖြစ်တတ်၍ ဆင်ခြင်ပါ။ အိမ်ထောင်ရေးမညံ့ပါ။ ဝန်ထမ်းများ စာမေးပွဲများမည်။ အင်တာဗျူးများအောင်မြင်မည်။

အကျိုးပေးဂဏန်း – ၃ ၊ ၆ ၊ ၁။ ယတြာ – နွမ်းပါးသူကို ထမင်းကုသိုလ်ပြုပါ။

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့သည် စီးပွားရေးဆိုင်ရာ ကြိုးစားမှု့များ ဆက်တိုက်အောင်မြင်နေမည်။ ရေလုပ်ငန်းလုပ်သူနှင့် ရတနာလုပ်ငန်းလုသူတို့အနည်းငယ် စိတ်သောကရောက်ရမည်။ ငွေကိစ္စဖြစ်မည်။ာချစ်သူ၏ အထင်လွဲခြင်းများခံရမည်။ အိမ်ထောင်ရှင်များ ငွေကြေးကိစ္စစကားများတတ်သည်။ အထင်လွဲခြင်းဖြစ်သည်။ မိတ်ဆွေဟောင်းကို အကြောင်းပြုပြီး မလုပ်ဘူးသော အလုပ်သစ်တို့လုပ်ဖြစ်မည်။ ကံကောင်းသည်။ အပေါင်းအသင်း၏ အကူအညီ ရမည်။ ကျန်းမာရေးအနေနှင့် ခေါင်းကိုက်ခြင်းဖြစ်တတ်သည်။ ဝန်ထမ်းများအတွက် အထက်လူကြီးကို အကြောင်းပြုပြီး စိတ်သောကရောက်နေရတတ်သည်။

ရာဟု။ ။ စီးပွားရေးတွင် လုပ်ငန်းတူများနှင့် ပြိုင်ရဆိုင်ရတတ်သည်။ ကျန်းမာရေးအနေဖြင့် ဘယ်ဘက်လက်ကိုသတိထားပါ မတော်တဆဖြစ်တတ်သည်။ အချစ်ရေး ကံကောင်းသော်လည်း အိမ်ထောင်ရှင်များ စိတ်ညစ်ရမည်။ အရက်သောက်သူများ သတိထားရမည့်ကာလဖြစ်ပြီး လေဖြတ်တတ်သည်။

အကျိုးပေးဂဏန်း – ၁ ၊ ၅ ၊ ၄။ ယတြာ – ရဟန်းတစ်ပါးကို ငွေ (၁၀၀၀) ကျပ်လှူပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသာပတေး သားသမီးတို့သည် ကံအသင့်အတင့်ဖြစ်သည့်အချိန်ဖြစ်သည်။ထိုကြောင့်အဝေးမှ ကောင်းသတင်း တွေ ကြားရမည်။ အလုပ်အကိုင် တိုးတက်မှု့ မြင့်မားမှု ပြောင်းလဲမှု၊ ပြောင်းရွှေ့မှုတို့ဖြစ်လာမည်။အထူးသဖြင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများ စီးပွားဖြစ်မည်။ အချစ်ရေး အဆင်ပြေမည်။ လက်ထပ် မင်္ဂလာဖြစ်မည်။ မိဘ၊ ဘိုးဘွားတို့အတွက် စိတ်ချမ်းသာမှုများကြားရမည်။ မိသားစုဆွေမျိုးများ မင်္ဂလာ၊ အလှူ တို့ ပျော်ရွှင်စွာကျင်းပဖြစ်မည်။ ကိုယ်တိုင် ခရီးဝေး ရောက်မည်။ ပြိုင်ဆိုင်မှုများ အနိုင်ရမည်။ မျက်လုံးရောဂါရှိသူသတိထားပါ။ ဝန်ထမ်းများ စာမေးပွဲအောင်မည်။ ရာထူးတက်မည်။

အကျိုးပေးဂဏန်း – ၅ ၊ ၀ ၊ ၃။ ယတြာ – ဘုရားကို ပေါင်မုန့် ၅ ချပ် သကြားဖြူး၍ ကပ်ပါ။

သောကြာ

ယခုအပတ်အတွင်း သောကြာသားသမီးတို့သည် စိတ်လေနေမည်။ အတွေးများ နေမည်။ အလုပ်တွင် စိတ်ဝင်စားမှုမရှိဘဲ ခရီးတွေ ထွက်နေချင်မည်။ မိမိလုပ်ငန်းအတွက် လိုအပ်သော ကုန်ပစ္စည်း(သို့) ငွေကြေးကို အကြောင်းပြုပြီး ဖြေရှင်းရမည်။ အကြီးအကဲ မိဘတို့၏ အပြစ်တင်အထင် လွဲခြင်းခံရမည်။ ငွေထွက်ကြမ်း မည်။ ငွေစုလို့မရပါ။ အစွဲအလန်းကြီးသူနှင့် ချစ်သူဖြစ်ရမည်။ သူတစ်ပါးအတွက် အာမခံခြင်းကြောင့် သူ့အရှုပ်က ကိုယ့်အရှုပ် ဖြစ်မည်။ သို့သော်အန္တရာယ် မရှိပါ။ကျန်းမာရေးအနေနှင့် ခါးနာလိမ့်မည်။ ဝန်ထမ်းများ အထက်လူကြီးကြောင့် အထူးစိတ်ညစ်ရမည်။

အကျိုးပေးဂဏန်း – ၆ ၊ ၃ ၊ ၉။ ယတြာ – သောကြာနေ့နံနက်တွင် ဘုရားရေသပ္ပါယ်ပါ။

စနေ

ယခုအပတ်အတွင်း စနေသားသမီးတို့သည် မှန်ကန်သော စေတနာကြောင့် သင်နှင့်လုပ်ငန်းသည် ပို၍ အောင်မြင်မှုများရရှိလာမည်။ လုပ်နေဆဲ လုပ်ငန်းများနှင့် လုပ်ရန်ကြံရွယ်နေသော အလုပ်များ အားလုံး အဆင်ပြေအောင်မြင်မည်။ ပြိုင်ဘက်စီးပွားရေးသမားများနှင့် မိတ်ဆွေ ဖြစ်မည်။ ခင်မင်သူများ က ကူညီမှုများပေးလာမည်။ အဝေးမိတ်ဆွေ၏ အကူအညီ ရမည်။ အဝေးအပေါင်းအသင်း နှင့် စီးပွားရေး ရှယ်ယာလုပ်ငန်းတို့လုပ်လာရမည်။ ကျန်းမာရေးကတေ့ ဆီးချိုသမားများ သတိထားပါ၊ လေဖြတ်တတ်သည်။အချစ်ရေးတွင် နားလည်မှုဖြင့် လက်ထပ်ခွင့်ရမည်။ မိဘ သားချင်းဆွေမျိုးတို့အတွက် တာဝန်ယူရခြင်းများရှိမည်။ အလှူအတွက် လုပ်ကိုင်မှုများပြုရတတ်သည်။ အားလုံးအဆင်ပြေမည်။ ဝင်ငွေကောင်းလာမည်။ မြေဝင်မည်။ ဝန်ထမ်း လုပ်ငန်း ရာထူးတက်၊ လစာတိုးမည်။

အကျိုးပေးဂဏန်း – ၇ ၊ ၂ ၊ ၀။ ယတြာ – အောင်သပြေ (၉) ညွန့် ဘုရားလှူပါ။

ဆရာကင်္ကသူ (ရိုးရာလေး)

Doctoral Thesis Of Astro-Palmist.

Membership Of (H.A.P.R.I)

Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top