အပတ်စဉ် ဗေဒင်ဟောစာတမ်း (၁-၉-၂၀၁၉ မှ ၇-၉-၂၀၁၉ ရက်နေ့အထိ)

Bay-Din-1-to-7-september-e1567305893908.jpg

အပတ်စဉ် တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့ စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၁-၉-၂၀၁၉ မှ ၇-၉-၂၀၁၉ ရက်နေ့အထိ) တွက်ချက် လမ်းညွှန်ပေးထားမှုကို Unicode/ Zawgyi version နှစ်မျိုးနဲ့ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ


ယခုအပတ်အတွင်း တနင်္ဂနွေသားသမီးတို့
စီးပွားရေး ။ ။ လုပ်ငန်းသစ်များ စတင်မည်ဆိုပါက အကောင်းဆုံးအချိန် ဖြစ်သည်။ လူသစ်၊ စိတ်သစ်ဖြင့် စတင်ဆောင်ရွက်သည့် မည်သည့်လုပ်ငန်းမဆို ကံကောင်းသော အခြေအနေဖြစ်သည်။ အထူးသဖြင့် ပြည်ပသွင်းကုန် ပို့ကုန်များအတွက် ကံအလွန်ကောင်းပါသည်။ သတိထားရမည့်အချက်မှာ စာရွက်စာတမ်းကိစ္စ ဖြစ်သည်။

ကျန်းမာရေး ။ ။ ဒီတစ်ပါတ်အတွက်တော့ မျက်လုံး သတိထားရမယ့်အချိန် ဖြစ်ပါတယ်၊ အထူးသဖြင့် ပြင်ပကလာတဲ့ ကျောက်ခဲ၊ သဲ၊ သံမုန့်ကလေးများ မျက်လုံးထဲဝင်ရာမှ မျက်လုံးအား ခွဲစိတ်ရသည်အထိ ဒုက္ခပေးနိုင်တဲ့အတွက် သတိထားပါ။ အရိုးကျိုးတတ်လို့ မတော်တဆမှု့လေးတွေကိုလည်း သတိထားပေးပါ။

အချစ်ရေး/အိမ်ထောင်ရေး ။ ။ အချစ်ရေးအနေနဲ့ကတော့ အလွန်ချစ်ရတဲ့ချစ်သူကို အများရှေ့ချ မပြနိုင်သေးတဲ့ အခြေအနေ ဖြစ်နေတတ်ပါတယ်၊ တိပ်တခိုးအချစ်လို့ ဆိုရမယ့်အခြေအနေပါ။ အိမ်ထောင်သည်များလည်း တိပ်တခိုးအချစ် ပေါ်ပေါက်တတ်ပြီး အိမ်ထောင်ဘက်နှင့် သွေးအေးနေတတ်ပါတယ်။ သတိတော့ထားဖို့ လိုပါလိမ့်မယ်။

ပညာရေး ။ ။ ပညာရေးအနေနှင့် ဝန်ထမ်းများ ရာထူးစာမေးပွဲအတွက် ပြင်ဆင်ထားပါ။ အတန်းစာမေးပွဲအတွက် ကြိုးစားနေသူတွေအတွက်ကတော့ အတော်လေးကြိုးစားရမယ့် အချိန်ပါ။

အထွေထွေ ။ ။ ယခုတစ်ပါတ်အတွင်း ရွှေ၊ စိန်စတဲ့ အဖိုးတန် ရတနာပစ္စည်းတွေ ရရှိတတ်တယ်။ ရေနဲ့နီးတဲ့ မြို့တွေကို ခရီးသွားရတတ်တယ်။ ဝန်ထမ်းတွေအနေနဲ့ ရာထူးနဲ့ပါတ်သက်တဲ့ စာမေးပွဲ ဖြေရတတ်ပါတယ်။

အကျိုးပေးဂဏန်းမှာ ။ ။ ၁၊ ၄၊ ၆။

ယတြာ ။ ။ တနင်္ဂနွေနေ့ နံနက်စောစောပိုင်းတွင် ဂြိုဟ်ပြေနံပြေဘုရားရဲ့ တနင်္ဂနွေထောင့်မှာ အုန်းပေါင်း(အုန်းသီးပါသော ကောက်ညင်းပေါင်း) ကပ်လှူ ပူဇော်ပေးပါ။ လိုရာဆုတောင်းခြင်းဖြင့် ကံကောင်းလာပါလိမ့်မည်။

တနင်္လာ


ယခုအပတ်အတွင်း တနင်္လာသားသမီးတို့
စီးပွားရေး ။ ။ ဒီတစ်ပါတ် စီးပွားရေးလုပ်ငန်းများတွင် စပ်တူလုပ်ငန်း လုပ်ကိုင်သူများ သတိထားရမည့်အချိန် ဖြစ်သည်။ စပ်တူလုပ်ငန်းများ အနည်းငယ် အရှုံးပြတတ်ပြီး အစုအစပ်လုပ်ငန်းများတွင် ရှယ်ယာကိစ္စ စကားပြောရမည့်အချိန်ဖြစ်သည်။ ကျောက်စိမ်းစသည့် ကံကိုအကြောင်းပြုရသော လုပ်ငန်းအတွက် စပ်တူလုပ်ပါက သဘောထား ကွဲတတ်ပါတယ်။

ကျန်းမာရေး ။ ။ အစားအသောက်ကို အခြေခံတဲ့ ရောဂါတွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အစာအိမ်ရောဂါ၊ အစာအဆိပ်သင့်တာ၊ အစာမကြေတာမျိုးတွေ ဖြစ်တတ်လို့ အထူးသတိထားပေးပါ။

အချစ်ရေး/အိမ်ထောင်ရေး ။ ။ အချစ်ရေးအနေနဲ့ စိတ်ကောက်တတ်တဲ့ ချစ်သူကိုရလို့ အတော်လေး စိတ်ညစ်ရတတ်ပါတယ်။ အိမ်ထောင်ရေးအနေနဲ့ ခွဲနေရတတ်ပြီး ခရီးတွေ များနေမယ့်အချိန်ပါ။

ပညာရေး ။ ။ ပညာရေးအနေနှင့် ကြိုးစားသလောက် အခွင့်အလမ်းကောင်းတဲ့ အချိန်ပါဘဲ။

အထွေထွေ ။ ။ ဒီတစ်ပါတ်မှာတော့ အဝတ်အထည်သစ်၊ ဖိနပ်သစ်တွေ ဝင်လာတတ်ပါတယ်။ ဒီလိုဝင်လာရင် ထီထိုးသင့်တယ်။ အစိုးရဝန်ထမ်းများ ငွေဝင်ကောင်းမယ့်အချိန် ဖြစ်ပါတယ်။

အကျိုးပေးဂဏန်း ။ ။ ၂၊ ၅၊ ဝ။

ယတြာ ။ ။ တနင်္လာနေ့တွင် ငှက်ကလေးများကို အစာကြွေးပါ။ လိုရာဆုတောင်းပါ။

အင်္ဂါ


ယခုအပတ်အတွင်း အင်္ဂါသားသမီးတွေကတော့

စီးပွားရေး ။ ။ ကားလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ကံကောင်းသည့်အချိန် ဖြစ်သည်။ ယခုအချိန်တွင် စီးပွားရေး ကံကောင်းနေပြီး ယာဉ်အပိုပစ္စည်းများဖြင့် အကျိုးဖြစ်မည့်အချိန် ဖြစ်သည်။ ထူးခြားသည်မှာ ငွေကြေးနှင့်ပါတ်သက်သော လုပ်ငန်း၊ လောင်းကစားနှင့်ဆိုင်သည့် လုပ်ငန်းများ သတိထားရပါလိမ့်မည်။

ကျန်းမာရေး ။ ။ ဒီတစ်ပါတ်အတွင်း ယာဉ်အန္တရာယ် အနည်းငယ်ရှိတတ်ပြီး၊ မတော်တဆ ဖြစ်တတ်သည်။ ညာခြေထောက် ထိခိုက်မိတတ်ပါသည်။

အချစ်ရေး/အိမ်ထောင်ရေး ။ ။ အချစ်ရေးအနေနှင့် မိမိချစ်ရသူထံမှ အဖြေရရန် စောင့်ဆိုင်ရပါလိမ့်မည်။ ဒီအချိန်မှာ မိမိဘက်က သိခံပြီး စောင်နိုင်မှဖြစ်မည်။ အိမ်ထောင်ရေးတွင် သိခံပြီး နာလည်မှု့ဖြင့် ခရီးဆက်ပါ၊ ထိလွယ်ရှလွယ်သော စကားများကြောင့် ရန်ပေါ်တတ်သည်။

ပညာရေး ။ ။ ပညာရေးအနေနှင့် ထူးခြားသော ပညာရပ်များ၊ ဗေဒင်ပညာရပ်ကဲ့သို့ ထူးခြားသည့် အသိပညာ၊အတတ်ပညာများ သင်ယူရလိမ့်မည်။

အထွေထွေ ။ ။ ယခုတစ်ပါတ်အတွင်း ပန်းချီကား လက်ဆောင်ရပါက ထီထိုးလိုက်ပါ၊ သင်ကံကောင်းပါလိမ့်မည်။ အစိုးရဝန်ထမ်းများ ခရီးသွားရပါက ထိမိခိုက်မိဖြစ်တတ်ပါသည်။

အကျိုးပေးဂဏန်း ။ ။ ၅၊ ၈ ၊ ဝ။

ယတြာ ။ ။ အင်္ဂါနေ့တွင် ဆိတ်သားဟင်းဖြင့် ဆွမ်းလောင်ပါ။

ဗုဒ္ဓဟူး


ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့
စီးပွားရေး ။ ။ လုပ်ငန်းသစ်များ စပ်တူလုပ်ငန်းများ စတင်လိုက်ပါ။ ရပ်ဆိုင်းနေသော လုပ်ငန်းများကို ပြန်စပါ။ ဝန်ထမ်းများဖြင့် လုပ်ကိုင်ရသော လုပ်ငန်းဖြစ်ပါက ဝန်ထမ်းသစ်များဖြင့် ယခုတစ်ပါတ်အတွင်း ပြန်စသင့်ပါသည်။ ထုတ်ကုန်လုပ်ငန်းများ၊ အိမ် ၊ခြံ၊ မြေ လုပ်ငန်းများ အထူးကောင်းသည့်အချိန် ဖြစ်ပါသည်။ သတိထားရမည်မှာ ပြည်ပဆက်သွယ်ရေးလုပ်ငန်းများ အခက်အခဲဖြစ်မည့်ကာလ ဖြစ်ပါသည်။

ကျန်းမာရေး ။ ။ ဆီးချို၊ သွေးချိုရောဂါ အထူးသတိထားပါ။ အစားမှားသဖြင့် သွေးတိုးသမားများ လေဖြတ်သည်အထိ ဖြစ်တတ်သည့် အချိန်ကာလ ဖြစ်သည်။ ဆီးနှင့်ပါတ်သက်သော ရောဂါများလည်း ရတတ်သည်။

အချစ်ရေး/အိမ်ထောင်ရေး ။ ။ အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ မိမိအား အလွန်ချစ်တတ်ပြီး နာလည်မှု့ပေးနိုင်သော ချစ်သူကို ပိုင်ဆိုင်ရမည်။ အိမ်ထောင်ရေးတွင် နှစ်ဘက်မိဘတို့အကြောင်းပေါ်ပြီး ရန်ပေါ်နေမည်။

ပညာရေး ။ ။ ပညာရေးအနေနှင့် ဘာာစကားနှင့်ဆိုင်သော သင်တန်းများ တက်သင့်သည့်အချိန် ဖြစ်ပါသည်။

အထွေထွေ ။ ။ ယခုတစ်ပါတ်အတွင်း ဘာသာရေးနှင့်ဆိုင်သော လုပ်ငန်းများ လုပ်ကိုင်ရလိမ့်မည်။ လုပ်ကိုင်ရပါက အထူးကံကောင်းပါသည်။ ထီထိုးသင့်သည်။ ဝန်ထမ်းများ ကံကောင်းပါသည်။

ရာဟု သားသမီးတို့ကတော့ ကျန်းမာရေး အနေနှင့် ခါးနာခြင်း၊ ဆီးရောဂါရခြင်း ဖြစ်မည်။ အချစ်ရေးတွင် ကံကောင်းလာပါပြီ၊ အိမ်ထောင်ရေးကတော့ ညံ့နေပါလိမ့်မည်။ စီးပွားရေးတွင် စက်ရုံလုပ်ငန်းကို ဦးစားပေးသင့်ပါတယ်။ ဝန်ထမ်းဖြစ်ပါက ကံကောင်းပါလိမ့်မည်။

အကျိုးပေးဂဏန်း ။ ။ ၂၊ ၄၊ ၇။

ယတြာ ။ ။ ဂြိုဟ်ပြေနံပြေဘုရား၏ ဗုဒ္ဓဟူးဒေါင့်တွင် ရေသက်စေလှူပါ။

ကြာသပတေး


ယခုအပတ်အတွင်း ကြာသပတေးသားသမီးတို့
စီးပွားရေး ။ ။ ကုန်သွယ်ရေးလုပ်ငန်း၊ အစိုးရနှင့်ပါတ်သက်သော တင်ဒါယူခြင်း၊ ပစ္စည်းများတင်ပို့ခြင်း၊ စီမံကိန်းများ ဆောင်ရွက်ရခြင်းတို့ လုပ်ကိုင်သောလူများ အဆင်ပြေပါလိမ့်မည်။ ပြည့်ပမှ တင်သွင်းသော ကုန်ပစ္စည်းများလည်း ကံကောင်းပါသည်။ သတိထားရမည်မှာ ရေလမ်းဖြင့် မိမိဘက်မှ တင်ပို့ရမည့်ကုန်ပစ္စည်းကို အကြောင်းပြုပြီး အညံ့ရှိပါသည်။

ကျန်းမာရေး ။ ။ လေးဘက်နာရောဂါ၊ အဆုတ်နှင့်ပါတ်သက်သောရောဂါ၊ အသက်ရှုခြင်းနှင့်ဆိုင်သောရောဂါများ ရတတ်ပါသည်။

အချစ်ရေး/အိမ်ထောင်ရေး ။ ။ အချစ်ရေး ကံမကောင်းသေးပါ၊ လက်ထပ်ရန် ရည်ရွယ်ပြီးမှ နှစ်ဘက် မိဘဆွေမျိုးများ ကိစ္စတစ်ခုကို အကြောင်းပြုပြီး စာကားမှားသဖြင့် အခြေအနေမလှ ဖြစ်နေမည်။ အိမ်ထောင်ရေးအနေနှင့် မိမိအိမ်ထောင်ဘက်မှာ စိတ်လေနေလိမ့်မည်။

ပညာရေး ။ ။ အလုပ်နှင့် သက်ဆိုင်သော သင်တန်းကိုသာ တက်ရောက်ပါ။ နိုင်ငံခြား ဘာသာစကားများလည်း လေ့လာသင့်။

အထွေထွေ ။ ။ ယခုတစ်ပါတ်အတွင်း ရပ်ဝေး၊ ပြည်ပ စသည့်အဝေးနေရာမှ လက်ဆောင်ပစ္စည်း တစ်ခုရရှိပါက ထီထိုးပါ။ ဝန်ထမ်းများ အထက်လူကြီး ကိုအကြောင်းပြုပြီး စိတ်သောကရောက်ရမည်။

အကျိုးပေးဂဏန်း ။ ။ ၁၊ ၃၊ ၅။

ယတြာ ။ ။ ကြာသာပတေးနေ့တွင် သက်ကြီးမိဘ(သို့) နွမ်းပါးပြီး အသက်ကြီးသူ တစ်ဦးအတွက် အဝတ်အထည် လှူပေးပါ။

သောကြာ


ယခုအပတ်အတွင်း သောကြာသားသမီးတို့
စီးပွားရေး ။ ။ ကျောက်မျက်ရတနာလုပ်ငန်း၊ စိန်၊ ရွှေ ရတနာလုပ်ငန်းများ ကောင်းပါသည်။ ကျောက်စိမ်းနှင့်ပါတ် သက်သော ပန်းပုလုပ်ငန်းများလည်း ကောင်းပါသည်။ ရတနာနှင့်ဆိုင်သော လုပ်ငန်းများအပြင် အိမ်၊ ခြံ၊ မြေ လုပ်ငန်းများလည်း ကံကောင်းနေတတ်ပါသည်။ သတိထားရမည့်အချက်မှာ မြေနှင့်ပါတ်သက်သော စာချုပ်စာတမ်းများကို ရှေ့နေ ရှေ့ရပ်များဖြင့် သေချာ စီစစ်ရန် အလွန်အရေးကြီးပါသည်။

ကျန်းမာရေး ။ ။ ကျောက်ကပ်နှင့်ဆိုင်သော ဆီးရောဂါကြောင့် အတော်လေး ခံစားရမည်။

အချစ်ရေး/အိမ်ထောင်ရေး ။ ။ အချစ်ရေးအနေနှင့် ကံကောင်းပြီး နှစ်ဘက်မိဘ အဆင်ပြေမည်။ အိမ်ထောင်သည်များလည်း အဆင်မပြေသည့်အကြောင်းမှ ပြန်လည်အဆင်ပြေသွားမည်။

ပညာရေး ။ ။ ပညာရေးအနေနှင့် အလှအပနှင့်ဆိုင်သော ပညာရေး၊ လက်မှု့ပညာ တစ်ခုခုကို သင်ယူရလိမ့်မည်။

အထွေထွေ ။ ။ ယခုတစ်ပါတ်အတွင်း ရေနှင့်ပါတ်သက်သောလုပ်ငန်းများ သတိထားလုပ်ကိုင်ပါ။ နိုင်ငံဝန်ထမ်းများ ကံကောင်းပါသည်။

အကျိုးပေးဂဏန်း ။ ။ ၄၊ ၆၊ ဝ။

ယတြာ ။ ။ သောကြာနေ့တွင် ရေသန့်ဗူး (၆) ဗူးကို အသက်ကြီးသူ ခရီးသွားများကို လှူပေးပါ။

စနေ


ယခုအပတ်အတွင်း စနေသားသမီးတို့
စီးပွားရေး ။ ။ ရှေးဟောင်းပစ္စည်းများ၊ မြန်မာ့ရိုးရာနှင့်ဆိုင်သော အစားအသောက်ပစ္စည်းများ၊ လက်မှု့ပစ္စည်း များနှင့်ပါတ်သက်သောလုပ်ငန်းများ ကံကောင်းနေသည်။ စားသောက်ဆိုင်၊ အထည်ဆိုင်နှင့် ဆန်ဆိုင်ဖွင့်သူများ ကံကောင်းပြီး အသားငါးနှင့်ဆိုင်သော လုပ်ငန်းများ အညံ့ဘက် ပါနေတတ်ပါတယ်။

ကျန်းမာရေး ။ ။ အူမကြီးနှင့်ဆိုင်သောရောဂါ၊ အစာအိမ်ရောဂါများ ခံစားရမည်၊ အပူနာများလည်း ဖြစ်တတ်ပါတယ်။

အချစ်ရေး/အိမ်ထောင်ရေး ။ ။ အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ နှစ်ဘက်မိဘတို့ သဘောတူရန် လိုပါလိမ့်မည်။ အိမ်ထောင်သည်များလည်း နှစ်ဘက်မိဘကြောင့် ပြသနာ တက်နေတတ်သည်။ဘာသာရေးခရီးထွက်ပေးပါ။

ပညာရေး ။ ။ ပညာရေးအနေနှင့် ဘဝအတွက် အာမခံရှိသော ပညာရေးတစ်ခုကို ဦးစားပေးပါ။

အထွေထွေ ။ ။ ဝန်ထမ်းများ အထူးသဖြင့် (လက်နက်ကိုင်) ဝန်ထမ်းများ တာဝန်ကို သတိထား ဆောင်ရွက်ပါ။

အကျိုးပေးဂဏန်း ။ ။ ၁၊ ၅၊ ၀။

ယတြာ ။ ။ စနေနေ့တွင် နှင်းဆီပန်းအနီ (၁၀) ပွင့်အား စနေ့ထောင့်ရှိ ဘုရားတွင် လှူပါ။

ဆရာကင်္ကသူ (ရိုးရာလေး)
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top