အမျိုးသမီးဒါရိုက်တာရိုက်ကူးထားတဲ့ Barbie ဇာတ်ကားက Box Office မှာ ဒေါ်လာ ၁ ဘီလျံကျော်သွားခဲ့ပါပြီ။ အခုဆို ဒါရိုက်တာ ဂရီတာ ဂါဝစ်ဂျ်ဟာ ရုံတင်ငွေ ဒေါ်လာ ၁ ဘီလျံရောက်ရှိနိုင်ခဲ့တဲ့ Barbie ကို ရိုက်ကူးခဲ့တဲ့ ပထမဆုံးအမျိုးသမီးဒါရိုက်တာဖြစ်လာခဲ့ပါတယ်။
Box Office ဝင်ငွေကို ခြေရာခံတဲ့ ရုပ်ရှင်လုပ်ငန်း ဒေတာဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ The Numbers ရဲ့အဆိုအရ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ရရှိထားသော ဇာတ်ကား ၅၀ ရှိပေမဲ့ အဲဒီဇာတ်ကားတွေအနက် ၃ ကားပဲ အမျိုးသမီးဒါရိုက်တာက ပူးတွဲရိုက်ကူးခဲ့တာပါ။ အဲဒီဇာတ်ကားတွေက Jennifer Lee နဲ့ Chris Buck တို့ ပူးတွဲရိုက်ကူးတဲ့ Frozen နဲ့ Frozen II ၊ Anna Boden နဲ့ Ryan Fleck တို့ ပူးတွဲရိုက်ကူးတဲ့ Captain Marvel ဇာတ်ကားတွေပါပဲ။
Patty Jenkins ရိုက်ကူးခဲ့တဲ့ “Wonder Woman” ဟာ 2017 ခုနှစ်က Box Office မှာ ကမ္ဘာတစ်ဝှမ်း စုစုပေါင်း ဒေါ်လာ ၈၁၇.၇ သန်းအထိ ရောက်ခဲ့တာပါ။
ဇူလိုင်လ ၂၁ ရက်နေ့မှာ ရုံတင်ပြသခဲ့တဲ့ “Barbie” ဟာ ရုံတင်တဲ့ ပထမပတ်အတွင်း ပြည်တွင်းမှာ ရုံတင်ငွေ ဒေါ်လာ ၁၆၂ သန်းရရှိခဲ့တယ်လို့ The Numbers က ဖော်ပြခဲ့ပါတယ်။ ဒုတိယအပတ်မှာတော့ ပြည်တွင်းမှာ ဒေါ်လာ ၃၅၁ သန်း၊ နိုင်ငံတာမှာ ဒေါ်လာ ၄၂၃.၁ သန်း ရောက်ရှိခဲ့တာပါ။ ပထမ ၂ ပတ်အတွင်း ရုံတင်ငွေ ၂ ခုလုံးပေါင်းလိုက်ရင် ဒေါ်လာ ၇၇၄.၁ သန်းဝင်ခဲ့ပါတယ်။
Mattel ကုမ္ပဏီရဲ့ Barbie ရုပ်တွေအကြောင်း အခြေခံထားရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားမှာ Margot Robbie နဲ့ Ryan Gosling တို့အပြင် သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။
Ref: ‘Barbie’ becomes 1st solo female-directed film to reach $1 billion at box office
WL (ရိုးရာလေး)