မွေးမွေးချင်း ခြောက်လသား အရွယ်ရှိတဲ့ ကမ္ဘာ့အကြီးဆုံး မိန်းကလေးငယ်

big-baby.jpg

ငယ်ရွယ်တဲ့ မိခင်တစ်ဦးဟာ မွေးခါစ ကလေးငယ်တွေအနက် ကမ္ဘာ့အကြီးဆုံး မိန်းကလေးငယ်ကို မွေးဖွားခဲ့ပါတယ်။

အဲဒီကလေးငယ်ဟာ ပျမ်းမျှအားဖြင့် ခြောက်လသားအရွယ် ကလေးငယ်တစ်ယောက်ရဲ့ ခန္ဓာကိုယ် အလေးချိန်လောက်ရှိခဲ့ပါတယ်။ အဲဒီကလေးငယ်ဟာ မွေးမွေးချင်း ခန္ဓာကိုယ်အလေးချိန် ၁၅ ပေါင်ရှိခဲ့ပြီး သာမန် မွေးခါစကလေးငယ်တွေရဲ့ ခန္ဓာကိုယ် အလေးချိန်ထက် နှစ်ဆလောက်ရှိခဲ့ပါတယ်။

ဒီကလေးငယ်ကို ပြီးခဲ့တဲ့ တနင်္လာနေ့က အိန္ဒိယနိုင်ငံ ဟက်ဆန်မြို့က အစိုးရဆေးရုံမှာ ဗိုက်ခွဲမွေးခဲ့တာပါ။ ဒီကလေးငယ်ရဲ့မိခင် နန်ဒီနီ (Nandini) ဟာ အသက်(၁၉)နှစ်အရွယ်ပဲ ရှိသေးပေမယ့် ၂၀၇ ပေါင်ရှိပြီး အရပ်အမြင့်၅ ပေ ၉ လက်မရှိလို့ ထွားကျိုင်းတယ်လို့ ဆိုနိုင်ပါတယ်။အမည်မပေးရသေးတဲ့ ဒီမိန်းကလေးငယ်ဟာ ၂၀၁၄ ခုနှစ်က အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ်မှာ မွေးဖွားခဲ့တဲ့ ခန္ဓာကိုယ် အလေးချိန် ၁၄ ပေါင် ၅ အောင်စရှိပြီး မွေးခါစအရွယ်မှာ ကမ္ဘာ့အကြီးဆုံး မိန်းကလေးအဖြစ် စံချိန်တင်ထားတဲ့ ရူဆက်ရဲ့ စံချိန်ကို လွှဲပြောင်းရယူခဲ့ပါတယ်။လက်ရှိအချိန်မှာ မိခင်ရော၊ ကလေးရော ကျန်းမာရေး ကောင်းကောင်းမွန်မွန်ရှိပြီး ကလေးရဲ့ ကျန်းမာရေးအတွက် လုံးဝစိတ်ချရပြီဆိုတာနဲ့ ဆေးရုံက ပြန်ဆင်းခွင့်ရမယ်လို့ သိရပါတယ်။

ကမ္ဘာပေါ်မှာ မွေးဖွားခဲ့တဲ့ ကလေးငယ်တွေအနက် မွေးခါစအရွယ်မှာ အကြီးမားဆုံး ကလေးငယ်အဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့တာကတော့ ၁၈၇၉ ခုနှစ်က ကနေဒါနိုင်ငံမှာ မွေးဖွားခဲ့တဲ့ ၂၃ ပေါင်၊ ၁၂ အောင်စရှိတဲ့ ကလေးငယ်ဖြစ်ပြီး မွေးဖွားပြီးတဲ့နောက် ၁၁ နာရီအကြာမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ မွေးခါစအရွယ်မှာ ကမ္ဘာ့အကြီးဆုံး ကလေးငယ်အဖြစ် လက်ရှိ စံချိန်တင်ထားတာကတော့ ၁၉၅၅ ခုနှစ်က အီတလီနိုင်ငံမှာ မွေးဖွားခဲ့တဲ့ ယောက်ျားလေးဖြစ်ပြီး ၂၂ ပေါင်၊ ၈ အောင်စရှိခဲ့ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top