ဝီနာခွေးမျိုးစိတ်ထဲမှာတော့ ကမ္ဘာ့စံချိန်တင် သားပေါက်မှုလို့ ဆိုနိုင်ပါတယ်။ ခန္ဓာကိုယ် ရှည်လျားပြီး ခြေတံလက်တံတိုတဲ့ ဝီနာခွေးမျိုးစိတ်ဝင် ခွေးမလေး ဝင်နီက တစ်ကြိမ်တည်း ၁၁ ကောင် သားပေါက်ခဲ့တာပါ။ ပုံမှန်အားဖြင့် ဝီနာခွေးမျိုးစိတ်တွေဟာ ၁ ကောင်ကနေ ၆ ကောင်ကြားပဲ သားပေါက်လေ့ရှိပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ ချိစ်ကိတ်လို့ အမည်ရတဲ့ ဝီနာခွေးမလေးတစ်ကောင်က ၁၀ ကောင် သားပေါက်ခဲ့ဖူးပါတယ်။ အခုအခါမှာတော့ ဝင်နီက ချိစ်ကိတ်ရဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာပါ။ ဝင်နီရဲ့သခင်တွေက ဗြိတိန်နိုင်ငံ၊ လက်စတာမြို့အနီးက နေအိမ်မှာ နေထိုင်ကြသူတွေပါ။
Ref: Wiener Dog Gives Birth to So Many Puppies it Might Be a World Record: ‘She’s Such a Great Mum’
NZ ( ရိုးရာလေး)