အောက်ခြေသိမ်းဝန်ထမ်းကို ရွေ့လျား လက်သန့်ဆေးရည်စက်လို ခိုင်းစေခဲ့တဲ့ ဆော်ဒီကုမ္ပဏီ ဝေဖန်ခံရ

13-3-2020-yyl-014.jpg

ကမ္ဘာ့တန်ကြေးအမြင့်ဆုံး အများပြည်သူပိုင်ကုမ္ပဏီဖြစ်တဲ့ Saudi Aramco ကုမ္ပဏီဟာ အောက်ခြေသိမ်းဝန်ထမ်းတစ်ယောက်ကို လက်သန့်ဆေးရည်စက် ချိတ်ဆွဲခိုင်းစေခဲ့တဲ့ လုပ်ရပ်ကြောင့် ဝေဖန်မှုတွေ ရင်ဆိုင်နေရပါတယ်။ Covid-19 ကူးစက်ပျံ့နှံ့နေချိန်မှာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ကုမ္ပဏီတွေက သူတို့ရဲ့ဝန်ထမ်းတွေ ရောဂါကူးစက်မခံရစေဖို့ နှာခေါင်းစည်းတွေ၊ လက်သန့်ဆေးရည်တွေ ပံ့ပိုးပေးတာမျိုး လုပ်ကြပါတယ်။

ရေနံကုမ္ပဏီဖြစ်တဲ့ Saudi Aramco ကုမ္ပဏီကတော့ ရွှေ့ပြောင်းလုပ်သားတစ်ယောက်ကို လက်သန့်ဆေးရည်စက် ချိတ်ဆွဲခိုင်းပြီး ကုမ္ပဏီရဲ့ဝန်ထမ်းတွေကို လက်သန့်ဆေးရည် လိုက်ပေးဖို့ ခိုင်းစေခဲ့ပါတယ်။ အဲဒီဝန်ထမ်းရဲ့ဓာတ်ပုံကို တွစ်တာပေါ်တင်ခဲ့ရာမှာ မျှဝေဖော်ပြသူ ၆၀၀၀ ကျော်ရှိခဲ့ပြီး လူသားမဆန်တဲ့လုပ်ရပ်၊ ဝမ်းနည်းစရာကောင်းတဲ့လုပ်ရပ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။ တချို့တွေက မျက်မှောက်ခေတ်ရဲ့ ကျွန်ပြုခိုင်းစေမှုလို့ ရေးသားဖော်ပြခဲ့ကြပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top