အပတ်တိုင်း ဒေါ်လာ ၄၀၀ သုံးပြီး Billboard ထောင်ကာ လက်တွဲဖော်ရှာတဲ့ အသက် ၇၀ အရွယ် အမေရိကန်အမျိုးသား

29.5.24-yyl-3.jpg

တက္ကဆပ်ပြည်နယ်က အသက် ၇၀ အရွယ်အမျိုးသားတစ်ဦးဟာ တစ်ယောက်တည်းနေရတာ ပျင်းရိငြီးငွေ့လာလို့ Billboard ထောင်ကာ လက်တွဲဖော်ရှာခဲ့ပါတယ်။ အေအိုင် ဂီလ်ဘတ်တီဆိုတဲ့ အဲဒီအမျိုးသားက အပတ်တိုင်း ဒေါ်လာ ၄၀၀ သုံးပြီး Billboard ထောင်ကာ လက်တွဲဖော်ကို ရှာဖွေပါတယ်။ ဖုန်းခေါ်ဆိုမှု ၄၀၀ နဲ့ Email အစောင် ၅၀ လက်ခံရရှိခဲ့ပေမဲ့ သူ လိုချင်တဲ့လက်တွဲဖော်ကိုတော့ ရှာမတွေ့သေးပါဘူး။

ဖုန်းခေါ်ဆိုမှုအများစုက သူ့ရဲ့ပိုင်ဆိုင်မှုကို စိတ်ဝင်စားတဲ့လူတွေဆီကများပါတယ်။ သူက အနာဂတ်လက်တွဲဖော်ကို သစ္စာရှိမှု၊ ဖြောင့်မတ်မှု၊ ရိုးသားမှုဆိုတဲ့ အရည်အသွေး ၃ မျိုးနဲ့ ရှာပါတယ်။ သူ ရှာတဲ့ လက်တွဲဖော်က အမေရိကန်ရဲ့ ဘယ်နေရာကနေပဲဖြစ်ဖြစ် ရှာတွေ့မယ်ဆိုရင်တောင် ပျော်ရွှင်မိတယ်လို့ သူက ဆိုပါတယ်။

Ref: 70-YO US Man Spends Rs 33,000 A Week On Billboard Ad To Find A Girlfriend, Gets 400 Calls

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top