စင်ကာပူကထုတ်တဲ့ ဆီးဘီယာ

26-5-2022-yyl-50.jpg

စင်ကာပူနိုင်ငံရဲ့ ရေပံ့ပိုးရေးအေဂျင်စီက မိလ္လာစနစ်ကနေ စစ်ထုတ်ထားတဲ့ရေကို အဆင့်ဆင့် ပြန်လည်သန့်စင်ပြီး NewBrew အမှတ်တံဆိပ် ဆီးဘီယာ ထုတ်လုပ်ခဲ့ပါတယ်။ ဘီယာဟာ ရေနဲ့ လက်ဘက်ရည်ပြီးရင် ကမ္ဘာပေါ်မှာ တတိယမြောက် သောက်သုံးမှုအများဆုံးဖြစ်ပြီး ဘီယာချက်ဖို့ အသုံးပြုတဲ့ ပါဝင်ပစ္စည်း ၉၀ ရာခိုင်နှုန်းက ရေ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ နှစ်စဉ်နှစ်တိုင်း ရေချိုရှားပါးမှုပြဿနာ ပိုမိုကြီးထွားလာတာကို လူတွေ သတိထားမိလာစေဖို့ ရည်ရွယ်ပြီး ပြန်လည်သန့်စင်ထားတဲ့ရေကို အသုံးပြုကာ ထုတ်လုပ်ခဲ့တာပါ။

ရေချိုရရှိဖို့အတွက် မလေးရှားနိုင်ငံရဲ့ ရေအရင်းအမြစ်ကို အားထားနေရတဲ့ စင်ကာပူနိုင်ငံဟာ သုံးပြီးသားရေကို ပြန်အသုံးပြုနိုင်ဖို့အတွက် ၁၉၇၀ ပြည့်နှစ်တွေကတည်းက နည်းလမ်းရှာဖွေခဲ့တာပါ။ ၂၀၀၃ ခုနှစ်မှာတော့ စင်ကာပူနိုင်ငံရဲ့ public utilities board က ရေဆိုးသန့်စင်ရေးစက်ရုံ ၂ ရုံကို စတင်ဖွင့်လှစ်ခဲ့ပြီး NEWater ကို တရားဝင်မိတ်ဆက်ခဲ့တာပါ။ NEWater ဆိုတာကတော့ ရေဆိုးစနစ်ကနေ အဆင့်ဆင့်ပြန်လည်သန့်စင်ထားတဲ့ရေကို ခေါ်ဝေါ်တာ ဖြစ်ပါတယ်။

NewBrew ဘီယာကတော့ NEWater ကို အသုံးပြုပြီး ချက်ထားတဲ့ဘီယာပါ။ NEWater ဟာ တင်းကျပ်တဲ့ စစ်ဆေးမှုတွေ အဆင့်ဆင့်လုပ်ထားတာဖြစ်လို့ စိတ်ချလက်ချ သောက်သုံးနိုင်တယ်လို့ ဆိုပါတယ်။ စင်ကာပူနိုင်ငံဟာ ရေချိုရှားပါးမှုပြဿနာကို မီးမောင်းထိုးပြဖို့အတွက် NewBrew ဘီယာဘူးခွံမှာလည်း စင်ကာပူနိုင်ငံရဲ့ အထင်ကရဖြစ်တဲ့ မက်ရစ်ချီဆည်ပုံကို ထည့်သွင်းဖော်ပြထားပါတယ်။

Fortune Business Insight ရဲ့ တွက်ချက်မှုမှာတော့ ၂၀၂၁ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၇၆၈.၁၇ ဘီလျံရှိခဲ့တဲ့ ဘီယာဈေးကွက်ဟာ ၂၀၂၈ ခုနှစ်ရောက်ရင် ၉၈၉.၄၈ ဘီလျံအထိ မြင့်တက်လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ စင်ကာပူနိုင်ငံရဲ့ NewBrew ဘီယာကတော့ ကြီးထွားလာတဲ့ ဘီယာဈေးကွက်ကို အထူးခြားဆုံးနည်းလမ်းနဲ့ ထိုးဖောက်ဖို့ အသင့်ဖြစ်နေပုံပါပဲ။

Ref: Livemint ” Singapore’s NewBrew urine beer gains popularity: Know making process, ingredients of viral drink”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top