စိန်၊ ရွှေ၊ ဥက္ကာခဲတွေနဲ့ ဖန်တီးထားတဲ့ ကမ္ဘာ့တန်ကြေးအမြင့်ဆုံးဖိနပ်

8.6.2024-yyl-4.jpg

ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ဖိနပ်ကတော့ အီတလီဒီဇိုင်နာ အန်တိုနီယိုဗီထရီ ဖန်တီးခဲ့တဲ့ Moon Star Shoes ပါပဲ။ Moon Star Shoes ဒေါက်မြင့်ဖိနပ်ရဲ့ ဒေါက်တွေကို ရွှေသားအစစ်နဲ့ ပြုလုပ်ထားတာဖြစ်ပြီး ၃၀ ကာရက် စိန်ပွင့်တွေနဲ့ စီခြယ်ထားပါတယ်။ ဒါ့အပြင် ၁၅၇၆ ခုနှစ်က အာဂျင်တီးနားနိုင်ငံမှာ တွေ့ရှိခဲ့တဲ့ ဥက္ကာခဲ အပိုင်းအစကိုလည်း ထည့်သွင်းဖန်တီးထားတာပါ။

Moon Star Shoes ဒေါက်မြင့်ဖိနပ်ကို ၂၀၁၉ ခုနှစ် အောက်တိုဘာလက ဒူဘိုင်းမှာ မိတ်ဆက်ပြသခဲ့တာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၉.၉ သန်း တန်ကြေး သတ်မှတ်ထားပါတယ်။

Ref:US$20 million heels? World’s most expensive shoes are made of solid gold, with 30 carats of diamonds and a 1576 meteorite

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top