Google Maps အကူအညီကြောင့် နှစ် ၂၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေတဲ့ မာဖီးယားဂိုဏ်းသားကို ဖမ်းမိ

6-2-2022-yyl1.jpg

အီတလီရဲတပ်ဖွဲ့ဟာ နှစ် ၂၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေတဲ့ မာဖီးယားဂိုဏ်းသားတစ်ယောက်ကို Google Maps app အကူအညီကြောင့် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ၂ နှစ်ကြာ စုံစမ်းစစ်ဆေးခဲ့ပြီးနောက် စပိန်နိုင်ငံ မက်ဒရစ်မြို့အနီးက ဂလာပါဂါမြို့မှာ အမည်ပြောင်းပြီး နေထိုင်နေတဲ့ အသက် ၆၁ နှစ်အရွယ် မာဖီးယားဂိုဏ်းသား ဂမ်မီနိုကို ခြေရာခံနိုင်ခဲ့တာပါ။

Google Maps ရဲ့ လမ်းဓာတ်ပုံတစ်ခုမှာ ဂမ်မီနိုနဲ့ တူတဲ့ အမျိုးသားတစ်ယောက်က သစ်သီးဆိုင်ရှေ့ရပ်နေတာကို တွေ့ရှိရာကနေ အသေးစိတ်စုံစမ်းစစ်ဆေးခဲ့တာပါ။ ” သမားရိုးကျနည်းလမ်းအတိုင်း ဆောင်ရွက်နေတဲ့ ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုကို အတည်ပြုနိုင်အောင် အဲဒီဓာတ်ပုံက အထောက်အပံ့ပေးခဲ့တာပါ” လို့ မာဖီးယားဂိုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ရဲ့ လက်ထောက်ညွှန်ကြားရေးမှူး နီကိုလာက ပြောပါတယ်။

စစ္စလီကျွန်းအခြေစိုက် Stidda မာဖီးယားဂိုဏ်းသားတစ်ဦးဖြစ်တဲ့ ဂမ်မီနိုဟာ ၂၀၀၂ ခုနှစ်မှာ ရောမမြို့ အကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့သူပါ။ သူဟာ စီရင်ချက် အချမခံရမီ ထွက်ပြေးလွတ်မြောက်ခဲ့တာဖြစ်ပြီး ၂၀၀၃ ခုနှစ်မှာတော့ သူ့ကို လူသတ်မှုအတွက် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဂမ်မီနိုကို စပိန်နိုင်ငံမှာ ထိန်းသိမ်းထားပြီး ဖေဖော်ဝါရီကုန်ကျရင် အီတလီနိုင်ငံထံ ပြန်လည်လွှဲပြောင်းရယူနိုင်ဖို့ အီတလီရဲတပ်ဖွဲ့က မျှော်လင့်နေပါတယ်။

Ref: CNN “Google Maps helps Italian police capture mafia fugitive”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top