စက်ဘီးစီးတတ်လို့ နာမည်ကြီးနေတဲ့ ခွေးကလေး

16.7.2024-yyl-9.png

တရုတ်နိုင်ငံမှ ခွေးလေးတစ်ကောင်ဟာ စက်ဘီးစီးတတ်လို့ လူသိများ ကျော်ကြားနေပြီး သူ့ဗီဒီယိုတွေကလည်း အွန်လိုင်းမှာ ပျံ့နှံ့နေပါတယ်။ ဆုလိုင်ဖူလို့ အမည်ရတဲ့ ခွေးကလေးဟာ တရုတ်နိုင်ငံ ကျင်ဆုပြည်နယ်က ဖြစ်ပါတယ်။ သူက လူတွေစက်ဘီးစီးတဲ့အတိုင်း ထိုင်ခုံမှာ ထိုင်၊ ရှေ့လက်က လက်ကိုင် ကိုင်၊ နောက်ခြေက ခြေနင်းကိုနင်းပြီး စက်ဘီးစီးပြလေ့ ရှိပါတယ်။

သူ စက်ဘီးစီးနေတဲ့ပုံစံက ၃၊ ၄ နှစ်အရွယ် ကလေးငယ်တစ်ယောက်အတိုင်းပါပဲ။ တရုတ်နိုင်ငံမှာတင်မကဘဲ အခြားအာရှနိုင်ငံတွေအထိပါ သူ့ဗီဒီယိုတွေက ပျံ့နှံ့နေပါတယ်။ ဂျပန်နိုင်ငံရဲ့ Fuji News Network သတင်းဌာနမှာတောင် ဆုလိုင်ဖူရဲ့ပုံတွေ ပါဝင်လာပါသေးတယ်။ ဆုလိုင်ဖူကို သူ့သခင်က စကိတ်စီးတာလည်း သင်ပေးထားပြီး ၅ ရက်သင်ရုံနဲ့ စကိတ်ကိုလည်း ကျွမ်းကျွမ်းကျင်ကျင် စီးတတ်နေပါပြီ။

Ref: Bicycle-Pedalling Poodle Becomes Overnight Internet Sensation
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top