တရုတ်နိုင်ငံ အဝေးပြေးလမ်းတွေမှာ ကားသမားတွေအိပ်မငိုက်အောင် လေဆာရောင်ခြည်တွေ စမ်းသပ်တပ်ဆင်နေ

6.8.2024-yyl-1.png

တရုတ်နိုင်ငံမှာ ယာဉ်မောင်းတွေ ကားမောင်းရင်း အိပ်မငိုက်စေဖို့ ရည်ရွယ်ပြီး အဝေးပြေးလမ်းမှာ အားကောင်းတဲ့ လေဆာရောင်ခြည်တွေ စမ်းသပ်တပ်ဆင်နေပါတယ်။ အဝေးပြေးလမ်းပေါ်မှာ အရောင်အသွေးစုံတဲ့ လေဆာရောင်ခြည်တွေ ထွန်းလင်းနေတဲ့ ဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့နှစ်ကတည်းက တရုတ်လူမှုကွန်ရက်စာမျက်နှာပေါ် ပျံ့နှံ့ခဲ့တာဖြစ်ပြီး လူတွေက ထင်ကြေးအမျိုးမျိုးပေးခဲ့ကြပါတယ်။

အဲဒီဓာတ်ပုံတွေထဲမှာ ကီလိုမီတာ ၁၆၀၀ ရှည်လျားတဲ့ ချင်းတောင်-ယင်ချွန်းအဝေးပြေးလမ်းပေါ်မှာ တပ်ဆင်ထားတဲ့ လေဆာရောင်ခြည်တွေ ဓာတ်ပုံတွေက လူပြောအများဆုံးပါပဲ။ ဆိပ်ကမ်းမြို့ဖြစ်တဲ့ ချင်းတောင်မြို့ကို ပြည်နယ်မြို့တော် နင်ရှားမြို့နဲ့ ဆက်သွယ်ထားတဲ့ အဲဒီလမ်းဟာ ကုန်ကားကြီးတွေ အသွားများပြီး ကုန်ကားသမားတွေ အိပ်မငိုက်အောင် လေဆာရောင်ခြည်တွေ စမ်းသပ်တင်ဆင်ထားတာလို့ ဆိုပါတယ်။

တချို့ကတော့ လေဆာရောင်ခြည်တွေကြောင့် ရှည်လျားတဲ့ ညခရီးမှာ အပန်းပြေစေတယ်၊ နိုးနိုးကြားကြား ရှိစေတယ်လို့ ဆိုကြပေမဲ့ တချို့ကတော့ အာရုံစူးစိုက်မရ ဖြစ်စေတယ်၊ စိတ်ပျံ့လွင့်စေတယ်လို့ ဝေဖန်ထားကြပါတယ်။ တရုတ်အာဏာပိုင်တွေဘက်ကတော့ ဒီပရောဂျက်ကို အကောင်အထည်ဖော်ဖြစ်မလား၊ မဖော်ဖြစ်ဘူးလားဆိုတာ ယတိပြတ် ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

Ref: China Is Reportedly Using Colorful Lasers to Keep Truck Drivers Awake on Motorways
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top