အီရတ်နိုင်ငံမှာရှိတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေကို မဖြစ်မနေ ရွှေ့ပြောင်းဖို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

yyl-016-3.jpg

အီရတ်နိုင်ငံမှာရှိတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေကို မဖြစ်မနေ ရွှေ့ပြောင်းကြဖို့ ဖိလစ်ပိုင်နိုင်ငံက အမိန့်ထုတ်ပြန်လိုက်တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ အီရန်စစ်ဗိုလ်ချုပ် ဆိုလေမာနီကို အမေရိကန်နိုင်ငံက လုပ်ကြံခဲ့တဲ့အပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ အီရတ်နိုင်ငံမှာ စခန်းချနေတဲ့ အမေရိကန်တပ်ဖွဲ့တွေကို ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက အခုလို ပြောခဲ့တာပါ။ “ အီရတ်နိုင်ငံလုံးဆိုင်ရာ သတိပေးချက်အဆင့်က အဆင့်(၄)အထိ မြင့်တက်လာလို့ မဖြစ်မနေ ရွှေ့ပြောင်းမိန့် ထုတ်ပြန်လိုက်တာပါ”လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီဒူယာဒိုမန်ဒက်ဇ်က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top