၃ လွှာကနေ လျှပ်စစ်ကားပြုတ်ကျလို့ လူ ၂ ဦး သေဆုံး

24-6-2022-yyl22.jpg

တရုတ်လျှပ်စစ်ကားကုမ္ပဏီ Nio ရဲ့ ရှန်ဟိုင်းမြို့ ရုံးချုပ် ၃ လွှာကနေ ကားတစ်စီး ပြုတ်ကျသွားလို့ လူ ၂ ယောက် သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၂၀ မိနစ်မှာ အခုလို ဖြစ်ပွားခဲ့တာပါ။ သေဆုံးသူတွေဟာ ကားထဲမှာရှိနေသူတွေဖြစ်ပြီး Nio ကုမ္ပဏီဝန်ထမ်းတစ်ဦးနဲ့ တွဲဖက်ကုမ္ပဏီ ဝန်ထမ်းတစ်ဦးတို့ ဖြစ်ကြပါတယ်။

ကားပြုတ်ကျခဲ့တဲ့ အထပ်ဟာ အရောင်းခန်းမ၊ စမ်းသပ်ရာနေရာနဲ့ ကားရပ်နားရာနေရာအဖြစ် အသုံးပြုတဲ့နေရာလို့ ဆိုကြပါတယ်။ တရုတ်အစိုးရအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ဒီဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးမှု လုပ်နေပြီလို့ Nio ကုမ္ပဏီက ဆိုပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး Nio ကုမ္ပဏီရဲ့ အစောပိုင်းထုတ်ပြန်ချက်မှာ ” လူသေဆုံးမှုက ကားနဲ့သက်ဆိုင်ခြင်းမရှိ” လို့ ထည့်သွင်းရေးသားခဲ့တာကြောင့် Weibo လူမှုကွန်ရက်မှာ ဒေါသတကြီး တုံ့ပြန်မှုတွေ ရှိခဲ့ပါတယ်။ လူတစ်ဦးကတော့ ” ဒါဟာ အရင်းရှင်စနစ်ရဲ့ သွေးအေးရက်စက်မှုပဲ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Nio က အစောပိုင်း ထုတ်ပြန်ချက်ကို ဖြုတ်ချခဲ့ပြီး ထုတ်ပြန်ချက် ထပ်ထုတ်ခဲ့တာပါ။

Ref: BBC ” Two killed as Nio electric car falls from third floor office in Shanghai”

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top