ရေကန်ထဲ ထိုးကျသွားတဲ့ ကားထဲမှ အမျိုးသမီးကို ဆယ်ကျော်သက်လူငယ်တစ်ဦး ကယ်တင်ပေး

8.8.2024-yyl-2.jpg

ရေကန်ထဲထိုးကျသွားတဲ့ ကားထဲမှ အမျိုးသမီးတစ်ဦးကို ဆယ်ကျော်သက်လူငယ်တစ်ဦးက အသက်ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ အသက် ၁၅ နှစ်အရွယ် လူငယ်လေး ဂျွန်အက်ဂ်နယ်လိုဟာ စိန့်ကလဲရေကန်မှာ ငါးမျှားနေတုန်း ရေကန်ထဲကို ကားတစ်စီး ထိုးကျသွားတာ လှမ်းတွေ့ခဲ့တာပါ။

သူက တုံ့ဆိုင်းမနေဘဲ ကားထိုးကျသွားတဲ့နေရာကို ပြေးသွားခဲ့ပြီး အခြားသူတစ်ဦးနဲ့ ပူးပေါင်းကာ ကားထဲမှ ယာဉ်မောင်းကို ကယ်တင်နိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ” ကားကို တွေ့တာနဲ့ မြန်မြန်သွက်သွက် လုပ်ရမယ်ဆိုတာ သိတယ်။ ပြတင်းပေါက်က ပွင့်နေပေမဲ့ တံခါးက ဖွင့်မရဘူး။ အဲဒီတော့ ပြတင်းပေါက်ကနေ တက်လာဖို့ ပြောရတယ်” လို့ ဂျွန်အက်ဂ်နယ်လိုက ဆိုပါတယ်။

အမျိုးသမီးကို ကယ်တင်ပြီးနောက် ကားထဲမှာ ကလေးငယ်တစ်ယောက် ပိတ်မိနေနိုင်သေးတဲ့အကြောင်း သိလိုက်ရလို့ ဂျွန်အက်ဂ်နယ်လိုက ကားနောက်မှန်ကို ကျောက်ခဲနဲ့ ရိုက်ခွဲပြီး နောက်ခန်းထဲမှာ ကလေးငယ် ရှိ၊ မရှိ သေချာအောင် ရှာဖွေစစ်ဆေးပေးခဲ့ပါတယ်။ ယာဉ်မောင်းအမျိုးသမီးကို အနီးနားမှာရှိတဲ့ ဆေးရုံ တင်ပို့ခဲ့ပြီး သူ့ရဲ့ကျန်းမာရေးအခြေအနေကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ဒါပေမဲ့ ဂျွန်အယ်ဂ်နယ်လိုနဲ့ အခြားသူတစ်ဦးရဲ့ သူရဲကောင်းဆန်ဆန် ကူညီမှုကြောင့် အသက်ဘေးက လွတ်မြောက်နိုင်ခဲ့တာပါ။

Ref: Heroic Teen Saves Woman From Submerged Car In Lake
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top