မျောက်ကျောက်ရောဂါက ကိုဗစ်-၁၉ လို ကပ်ဘေးဖြစ်လာမှာမဟုတ်ဘူးလို့ WHO အရာရှိ ဆို

22.8.2024-yyl-4.png

မျိုးကွဲသစ် ဖြစ်ဖြစ်၊ မျိုးကွဲဟောင်း ဖြစ်ဖြစ် မျောက်ကျောက်ရောဂါ(mpox) ကူးစက်ပြန့်ပွားမှုက ကိုဗစ်-၁၉ လို ကပ်ဘေးတစ်ခု ဖြစ်လာမှာ မဟုတ်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ရဲ့ အရာရှိတစ်ဦးက ဆိုပါတယ်။ မျောက်ကျောက်ရောဂါ ကူးစက်ပြန့်ပွားမှုကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ အာဏာပိုင်တွေက သိထားကြပြီးဖြစ်တယ်လို့ သူက ပြောပါတယ်။

” မျောက်ကျောက်ရောဂါကို ကျွန်တော်တို့ ပူးပေါင်းတိုက်ဖျက်နိုင်စွမ်း ရှိပါတယ်။ ပူးပေါင်းတိုက်ဖျက်ရမှာပါ။ အဲဒီတော့ မျောက်ကပ်ရောဂါကို တားဆီးဟန့်တားဖို့ ကမ္ဘာလုံးဆိုင်ရာ နည်းလမ်းတွေကို စနစ်တကျပြင်ဆင်ကြမလား။ ဒါမှမဟုတ် မဆိုင်သလို မျက်ကွယ်ပြုရင်း အထိတ်တလန့်စက်ဝန်းထဲ ထပ်အရောက်ခံမလားဆိုတာ ရွေးချယ်ကြပါ။ လက်ရှိအချိန်နဲ့ လာမယ့်နှစ်ပိုင်းအတွင်း ကျွန်တော်တို့ရဲ့ တုံ့ပြန်လှုပ်ရှားမှုက ဥရောပနဲ့ တစ်ကမ္ဘာလုံးအတွက် အရေးပါတဲ့ စမ်းသပ်မှုတစ်ရပ် ဖြစ်လာမှာပါ”လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ရဲ့ ဥရောပဒါရိုက်တာ ဒေါက်တာဟန်ကလုဂျ်က ဆိုပါတယ်။

တုတ်ကွေးမိသလို ရောဂါလက္ခဏာမျိုးသာရှိတဲ့ မျောက်ကျောက်ရောဂါဟာ သာမန်အားဖြင့် ပြင်းထန်ခြင်းမရှိပေမဲ့ ကျန်းမာရေးအခံရှိသူတွေ၊ ကိုယ်ခံအားနည်းသူတွေကတော့ အသက်ဆုံးရှုံးရနိုင်ခြေ ရှိပါတယ်။ Clade 1b မျိုးကွဲက ထိတွေ့မိရုံနဲ့ အလွယ်တကူ ကူးစက်နိုင်ခြေရှိလို့ ကမ္ဘာတစ်ဝန်းမှာ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်နေတာပါ။

ဥရောပတိုက်မှာ လစဉ်လတိုင်း မျောက်ကျောက်ရောဂါ Clade 2 မျိုးကွဲ ကူးစက်ခံရသူ ၁၀၀ ဝန်းကျင်ရှိနေတယ်လို့ ဒေါက်တာဟန်ကလုဂျ်က ပြောပါတယ်။

Ref: Mpox is not the new Covid-19, says WHO official
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top