မွေးနေ့အမှတ်တရအနေနဲ့ နာမည်ကြီးကာတွန်းကားထဲကဇာတ်ဝင်ခန်းအတိုင်း ဓာတ်ပုံရိုက်ခဲ့တဲ့ (၅) နှစ်သားလေး

yyl-008-1.jpg

နာမည်ကြီးကာတွန်းကား “Up” ကို စာဖတ်ပရိသတ်တွေ ကြည့်ဖူးကြမယ်ထင်ပါတယ်။ အဲဒီဇာတ်ကားထဲက အဘိုးကြီးနဲ့ကလေးဝတုတ်ကလေးကို မှတ်မိကြတယ်…ဟုတ်။ အဲဒီ”Up” ဇာတ်ကားထဲက အဘိုးကြီးနဲ့ကလေးလေးလို့ ပုံစံအတိုင်း အက်လီဂျာချ် (Elijah) ဆိုတဲ့ ကလေးလေးကလည်း (၅) နှစ်ပြည့်မွေးနေ့အမှတ်တရအနေနဲ့ ဓာတ်ပုံရိုက်ခဲ့တယ်လို့ သိရပါတယ်။

အက်လီဂျာချ်ကို သူ့မိခင် ရစ်ချယ် ပါမန်း (Rachel Perman) က (၅) နှစ်ပြည့်မွေးနေ့အမှတ်တရအနေနဲ့ ဓာတ်ပုံရိုက်လို့ရတယ်လို့ ပြောခဲ့ပါတယ်။ အဲဒါနဲ့ အက်လီက သူ့အကြိုက်ဆုံးဇာတ်ကား “Up” ထဲက ဇာတ်ကောင်တွေလို ဝတ်ဆင်ပြီး ဓာတ်ပုံရိုက်ခဲ့ပါတယ်။

အက်လီက ရက်ဆယ်လ် (Russel) လို ဝတ်ဆင်ခဲ့ပြီး သူ့ရဲ့ အသက်(၉၀) အရွယ်အဘိုးနဲ့အဘွားကို ဒီဓာတ်ပုံရိုက်ကူးမှုမှာပါဝင်စေပြီး ကာလ် နဲ့ အယ်လီလိုပုံစံမျိုး ဝတ်စေခဲ့ပါတယ်။ သူ့အဘိုးနဲ့အဘွားကလည်း ဇာတ်ကားထဲက ဇာတ်ကောင်တွေနဲ့ လိုက်ဖက်မှုရှိပါတယ်။ အက်လီရဲ့အမြွှာအစ်မအက်မလီကလည်း ဓာတ်ပုံရိုက်ကူးရေးမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ခဲ့ပြီး Unicorn လိုဝတ်ဆင်ခဲ့ပြီး မြင်းတစ်ကောင်နဲ့ ဓာတ်ပုံရိုက်ခဲ့ပါတယ်။

အက်လီရဲ့အမေပါမန်းက အချိန်ပိုင်းဓာတ်ပုံဆရာဖြစ်တဲ့အတွက် သူကိုယ်တိုင်ပဲ ရိုက်ပေးခဲ့ပြီး ဖေ့စ်ဘွတ်ခ်ပေါ်တင်ခဲ့ပါတယ်။ ပါမန်းက သူ့ရဲ့ပေချ်မှာ ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်တဲ့ပုံတွေကို အမြဲတမ်းတင်လေ့မရှိကြောင်း၊ ဒီပုံတွေက လူမှုကွန်ယက်အကောင့်မှာ နေရာယူထားကြောင်းပြောပါတယ်။

“လွန်ခဲ့တဲ့ (၅) နှစ်က အမြွှာကလေးတွေ မွေးဖွားပြီးတဲ့နောက်မှာ ကင်ဆာရောဂါကို ခံစားခဲ့ရပါတယ်။ သူတို့လေးတွေရဲ့ (၅) နှစ်ပြည့်မွေးနေ့ကို မြင်ကောမြင်တွေ့ရမှာလားဆိုပြီး ကြောက်ရွံ့မိခဲ့ပါတယ်” လို့ ပါမန်းက ပြောပါတယ်။

သူဟာ တစ်နှစ်လောက်နေမကောင်းဖြစ်ခဲ့ပြီး အခုဆိုရင် သက်သာသွားပါပြီ။ ဒါကြောင့် သူ့ရဲ့ကလေးနှစ်ယောက်ရဲ့ (၅) နှစ်ပြည့်မွေးနေ့ကို ထူးထူးခြားခြားလေးလုပ်ပေးချင်ခဲ့တာပါ။ “ကျွန်မနဲ့ ကလေးတွေအတွက် ဂုဏ်ပြုတဲ့ပွဲလေးတစ်ခုပါပဲ” လို့ ပါမန်းက ပြောခဲ့ပါတယ်။

Ref: CBSNews “5-year-old boy’s “Up” photoshoot with 90-year-old great-grandparents goes viral”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top