အာကာသထဲမှာ ပထမဆုံး တယောထိုးသူအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ SpaceX အင်ဂျင်နီယာ

20.9.2024-yyl-10.png

SpaceX ကုမ္ပဏီရဲ့ Polaris Dawn အာကာသခရီးစဉ်မှာ အင်ဂျင်နီယာအဖြစ် လိုက်ပါခဲ့သူ ဆာရာဂီးလစ်ဟာ အာကာသထဲမှာ ပထမဆုံး တယောထိုးဖျော်ဖြေသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ Harmony of Resilience (ခံနိုင်ရည်စည်းချက်)လို့ အမည်ပေးထားတဲ့ တေးသီချင်းဗီဒီယိုထဲမှာ ဆာရာဂီးလစ်က Star Wars:The Force Awakens ထဲမှ ဂျွန်ဝီလျံရဲ့ Rey’s Theme သီချင်းကို တယောထိုးခဲ့တာပါ။ Crew Dragon အာကာသယာဉ်ထဲမှာ ဆွဲငင်အားကင်းမဲ့နေတဲ့အနေအထားနဲ့ တယောထိုးခဲ့တာဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ သံစုံတီးဝိုင်းတွေရဲ့ မြင်ကွင်းပုံရိပ်တွေကိုလည်း ဗီဒီယိုထဲမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

စက်တင်ဘာလ ၁၃ ရက်နေ့က ဖြန့်ချိခဲ့တဲ့ အဲဒီဗီဒီယိုဟာ တကမ္ဘာလုံး စည်းလုံးညီညွတ်ရေးနဲ့ မျှော်လင့်ချက်ရှင်သန်ရေးကို ရည်ရွယ်ဖန်တီးခဲ့တာပါ။ ဒီဗီဒီယိုထဲမှာ ကလေးဘဝ ရောဂါဘယကြုံတွေ့မှု တိုက်ဖျက်ရေး၊ ဂီတပညာရေး မြှင့်တင်ရေး ဆောင်ရွက်နေတဲ့ စိန့်ဂျူဒ်သုတေသန ကလေးဆေးရုံနဲ့ El Sistema USA ရဲ့ လှုပ်ရှားမှုတွေကို အသားပေး ဖော်ပြသွားတာ တွေ့ရပါတယ်။

Ref: SpaceX engineer performs ‘the first violin solo in space’
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top